အပိုင်း ၇၂

2.5K 364 0
                                    


Unicode

တံတိုင်းထိပ်မှာတော့ သူ့သမီးနှင့် အတိအကျတူလှသော အမျိုးသမီးငယ်တစ်ဦးက လက်တွေဝေ့ယမ်းကာ ကုန်းအော်၍ ငိုယိုဟစ်ကြွေးနေသည်။

သူမ မဟုတ်ချေ။

စန်းဘုရင်မျက်လုံးများမှာ မဲမှောင်သွားတော့သည်။

သူတို့မိသားစု၏ ပိုးစာပင်လေးမှာ သည်လိုရုပ်ဆိုးသောသွင်ပြင်မျိုးကို ဘယ်တော့မှ လုပ်ပြမည်မဟုတ်ချေ။

ထိုအမျိုးသမီးက မုန့်ဝူယုံးပင်ဖြစ်ရမည် ။

သူက ခက်ထန်ရက်စက်သောကျားမျက်လုံးများကို အနည်းငယ်မှေးကျဥ်းပစ်ရင်း အကြည့်တို့က လက်ထဲက ကျောက်စိမ်းပြားဆီ ကျရောက်သွားရသည်။ထိုကျောက်စိမ်းပြားက လင်းလက်နေပြီး ကြည့်လင်ကာ တည်ငြိမ်သော အသံတစ်ခုက လွင့်​မျောထွက်လာလေသည်။

"သူ ခုန်ချချင်လည်း ခုန်ချပါစေ"

စန်းဘုရင်က ကြီးမားသော မုတ်ဆိတ်ထူထူကြီးကို လက်ဖြင့်သပ်ရင်း ဝါးလုံးကွဲ ရယ်ချလေသည်။

"တပ်ဖွဲ့တွေ ပြန်ဆုတ်ကြစေ!"

လေးသည်တော်တွေက လက်နက်တွေကို သေသပ်စွာပြန်သိမ်း၍ ကျောမှာပြန်လွယ်လိုက်ကြ၏။

စန်းပြည်နယ်၏ တပ်မဟာက ခုထိ တံတိုင်းပေါ်မှာရှိနေသေးသော ဟန်ရှောင်လင်ကို လုံးဝအာရုံမထားကြပေ။သူတို့တွေက သူတို့၏ စစ်ရေးပြပုံစံကို သေသပ်စွာ ပြန်စီကာ အတွင်းမဟာတံတိုင်းထဲသို့ ဒီရေလှိုင်းလိုပြန်ဆုတ်သွားတော့သည်။

ဟန်ရှောင်လင် : "........."

ကောင်းရော! မ,လိုက်တဲ့ကျောက်တုံးက ကိုယ့်ခြေထောက်ပေါ်ကိုယ် ပြန်ကျသွားပါရောလား!

ကံကောင်းစွာဖြင့် ဤခဏမှာ နတ်ဆိုးမိစ္ဆာတွေက အားလုံးနီးပါး ပြန်ဆုတ်နေကြပြီဖြစ်သည်။သူ့ ကိုယ်ရံတော်တွေ၏ ကာကွယ်မှုအောက်မှာ သူက ကြောင်တောင်တောင်ဖြစ်နေသည့် မုန့်ဝူယုံးကို ဆွဲ၍ မရေတွက်နိုင်သောအလောင်းများကို နောက်မှာချန်ကာ နောက်ဆုံးမှာမှ အတွင်းမဟာတံတိုင်းထဲ ကမောက်ကမအခြေအနေဖြင့် ပြန်ဆုတ်နိုင်ခဲ့လေသည်။

တစ်ရှစ်ချန်၏ တစ်ဝက်ခန့်(တစ်နာရီ)အတွင်းလောက်မှာ သူ့ကိုယ်ရံတော်တွေ၏ သုံးပုံတစ်ပုံလောက်ကို ဆုံးရှုံးလိုက်ရသည်။

ဟန်ရှောင်လင်၏ မျက်လုံးတွေမှာ စိန်းဖန့်တောင်လာ၏။

အတွင်းမဟာတံတိုင်းထဲသို့ ခက်ခက်ခဲခဲပြန်ရောက်လာပြီးနောက်မှာတော့ ခက်ထန်ကာ ဒေါသကြီးသော လူ့ဘီလူးကြီးအလား စန်းဘုရင်က ဂိတ်တံခါးအလယ်မှာ လမ်းပိတ်ထားပြီး ကြီးမားသည့် အနက်ရောင်သစ်သားထိုင်ခုံတစ်လုံးပေါ်မှာထိုင်ကာ လက်နှစ်ဖက်ပိုက်ထားတာကို မြင်လိုက်ရချေလေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now