အပိုင်း ၂၀၉ ၂၁၀ ၂၁၁ ၂၁၂ ၂၁၃ ၂၁၄ ၂၁၅

1.5K 199 5
                                    


Unicode

အပိုင်း ၂၀၉

"အစ်မတော်!"

ယွင်ရွှီယန်၏ လည်ချောင်းကား အကြောက်တရားဖြင့် တသိမ့်သိမ့်တုန်နေလျက်သား။

"မောင်ငယ်"

ကိုယ်ရံတော်ယွင်နှစ်က မြေကြီးပေါ် ဒုတ်ခနဲဒူးထောက်ချလာသည်။ သူ့ကိုယ်သူခုခံကာကွယ်ဖို့ စကားတစ်ခွန်းတောင် မဆိုဝံ့။

စန်းယွင်ယွင်က အလုပ်ရုံပျက်ထဲ လွှားခနဲခုန်ဝင်လိုက်သည်။ပွင့်ချပ်ကြီးကြီးနေကြာပန်းက ရှေ့၌ရာဇဝတ်မှုကျူးလွန်တော့မည့် သော့ပြင်သမားထံ ဝင်တိုးသွားကာ ရေမှော်နှစ်ခုက ရေထဲကနေပျံသန်းလာရင်း ထိုသူ့ခြေထောက်နှင့် လက်တို့ကို တင်းကြပ်စွာ ချုပ်နှောင်လာရာ လှုပ်လို့မရအောင် ဖြစ်သွားစေသည်။

ပန်းပွင့်ကြီး၏ ပွင့်ချပ်က သူ့မျက်နှာ၌ ကပ်နေကာ အစိမ်းရောင်အရည်တွေက စိမ့်ထွက်လာပြီး သူ့ပါးစပ်နှင့်နှာခေါင်းကို ပိတ်ဆို့ပစ်လိုက်၏။

သော့ပြင်သမားက နာကျင်စွာရုန်းကန်နေကာ မကြာမှီမှာ အသံ ထွက်မလာလေတော့။

ယုံးဝူမင့်က အနောက်ကနေ ရှေ့သို့ ညင်သာစွာတက်လှမ်းလာကာ စန်းယွမ်ယွမ်၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း ကိုယ်ကိုင်း၍ ရယ်သံစွက်နေသောအသံဖြင့် စကားဆိုလာသည်။

"သူ့ကို ဒီတိုင်းပေးသေလိုက်ရင် ဈေးပေါလွန်းတယ်။သူလုပ်ခဲ့တဲ့အရာတွေက ယွင်ပြည်နယ်က ရေခဲနဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ပစ်ပြီးသတ်တဲ့ပြစ်ဒဏ်နဲ့လုံလောက်တယ်။ ကြားဖူးတာတော့ ကံသိပ်ကောင်းလွန်းတဲ့လူတွေက အဲ့လိုအခုတ်ခံရတဲ့အခြေအနေမှာတောင် သုံးရက်ကနေ ငါးရက်ထိ ရှင်နိုင်သေးတယ်တဲ့"

စန်းယွမ်ယွမ်က ပွင့်ချပ်ကြီးကြီးနေကြာပန်းကို ပျောက်ကွယ်စေလိုက်သည်။

သူမက ခေါင်းလှည့်ကာ ယုံးဝူမင့်ထံ အပြစ်ကင်းစွာ ကြည့်လာရင်း

"ဒါဆို ကျွန်မသူ့ကို ဝိညာဥ်စွမ်းအားအများကြီးထောက်ပံ့ပေးထားရမှာပေါ့နော်။ဒါမှ သူအကြာကြီးတောင့်ခံထားနိုင်မှာမလား"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now