အပိုင်း ၂၈၇ ၂၈၈ ၂၈၉ ၂၉၀

891 140 3
                                    

အပိုင်း ၂၈၇

ဤအချိန်၌ ယုံးဝူမင့်က ရထားလုံးထဲ ဝင်ဖို့ လုပ်နေပြီဖြစ်သည်။

စန်းပုကျင့်က မတ်တပ်ထရပ်ကာ အလျင်စလို အပြင်ထွက်ရင်း နှစ်ယောက်သား ဖုန်းခနဲ ဝင်တိုက်မိကြတော့သည်။

အချိန်က တကယ့်ကွက်တိပင်။ ဝှီးခနဲအသံနှင့်အတူ ယုံးဝူမင့်လက်ထဲမှာ အဝတ်စနှင့်ထုတ်ကာသယ်လာသည့်အရာတွေက ရထားလုံးနံရံနှင့် ဆောင့်မိကုန်တော့သည်။

သူ ခဏမျှကြက်သေသေသွားပေမဲ့ ချက်ချင်းဆိုသလို အနက်ရောင်မျက်ဝန်းတွေက ကြောက်ရွံ့စိတ်တွေပြည့်လာကာ ဖမ်းဖို့အတွက် လက်တုန်စွာဖြင့် ဆန့်ထုတ်လိုက်သည်။

နောက်ကျသွားလေပြီ။

အဝတ်စက ပြေလျော့သွားကာ ကြာပဒုမ္မာဆီတို့ရှိနေသည့် လေးထောင့်သဏ္ဍာန်ကျောက်စိမ်းဘူး တစ်ပြုံကြီးမှာ အရပ်မျက်နှာမျိုးစုံသို့ လွင့်ပျံသွားပြီဖြစ်၏။

ထိုကျောက်စိမ်းဘူးများကြား၌ သေးငယ်သော အဖြူရောင်ကျောက်စိမ်းပုလင်းလေးက အလွန်မျက်စိဖမ်းစားစရာကောင်းနေသည်။

စန်းပုကျင့်က ဘာတွေမှန်းမသိပေ။ သာမန်ကာလျှံကာတောင်းပန်ရင်း ကိုယ်ကိုင်းကာ ကောက်ပေးလိုက်သည်။

ယုံးဝူမင့်ကတော့ အချိန်မီ မတားဆီးနိုင်တော့ပြီဖြစ်ရာ စန်းပုကျင့်က အဖြူရောင်ကျောက်စိမ်းပုလင်းလေးကို လက်ထဲ ဆုပ်ကိုင်လိုက်တာကိုသာ ကြည့်နေလိုက်ရသည်။

"ပိုင်မျိုးနွယ်ရဲ့ အံဖွယ်ဆန်းကြယ်နှင်းစက်"

ဘာမှန်းမသိပေမဲ့ စန်းပုကျင့်ဟာ ပုလင်းပေါ်မှာ ကပ်ထားသည့် အနီရောင်စက္ကူစပေါ်က အနက်ရောင်စာလုံးတွေကိုတော့ ဖတ်ကြည့်လိုက်သေးသည်။

တဒင်္ဂမျှ ရထားလုံးက အလွန်တိတ်ကျသွားသည်။ မသိလျှင် တွင်းနက်ကြီးထဲ ကျသွားသည့်အလား။

စန်းယွမ်ယွမ်က ယုံးဝူမင့်အား ရှုတည်တည်ဖြင့်ကြည့်လိုက်သည်။ ရုပ်ဖျက်ထားသောသူ့မျက်နှာကြီးက ဖြူလိုက်၊ ပြာလိုက် ဖြစ်နေရှာ၏။

စန်းပုကျင့်က မတ်မတ်ရပ်ကာ သူ့လက်ထဲက ပိုင်မျိုးနွယ်၏ အံဖွယ်ဆန်းကြယ်နှင်းစက် ပုလင်းကို ကမ်းပေးလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon