part -5

8.6K 288 0
                                    

"အသက်ချမ်းသာပေးပါ"

အဆောက်ဦးပျက်တနေရာမှာမို့
တောင်းပန်သူရဲ့ အသံဟာ ပဲ့တင်ထပ်သွားသည်။
ဈေးနားကနေတစ်လျောက်လိုက်လာရတာ မြို့စွန်က တိုက်ပျက်ထဲရောက္မှ ကြွက်ကလေးတစ်ကောင်လိုချောင်ပိတ်သွားရသည်။

"ငါ့နေရာမဟုတ်တဲ့အတွက် မသတ်ပါဘူး၊ ကျွဲကြီးတို့ကို inform ပေးတဲ့ကောင်ရယ် ၊။ခုပြေးနေတဲ့ ကျွဲကြီး အောင်းနေတဲ့နေရာရယ်"

"မ မသိ မသိပါဘူးဗျာ ကျွန်တော်က ဒီတိုင်းခိုင်းစေခံရတဲ့သူပါ"

"မင်းကိုမသိလို့မေးနေတာမဟုတ်ဘူး အတည်ပြုချင်လို့မေးနေတာ"

"တောင်းပန်ပါတယ် တကယ်မသိတာပါ"

"ဟုတ်လား"

ဆံပင်တွေကို စိတ်ရှုပ်သလိုဆွဲဖွရင်း မျက္မှန်ကိုလည်း ချွတ်ကာ တရွေ့ရွေ ထိုလူနားလျောက်လာပုံက သွေးအေးစွာ

"ငါ့မျက်လုံးတွေ တည့်တည့်ကြည့်စမ်း!!!'

ယောက်ယက်ခတ်နေတဲ့ သူ့မျက်လုံးတွေဟာ အမိန့်ပေးခံရသူကဲ့သို့ ပြူးကျယ်ကာကြည့်လာသည်။

"တစ်ကနေသုံးထိ ရေမယ်"

လက်ကနေ မျက္မှန်ကိုင်းရိုးထဲကတစ်ခုခုထုတ်လိုက်တာ မြင်လိုက်ရတော့ ထိုသူမှာ အကြောတွေ တန့်ကုန်သည့်အထိ လန့်ရသည်၊

Dark pin ရယ် blood knife တို့ကိုတွေ့ရင် နောက္မလှည့်တမ်းပြေးဖို့တောင်အချိန်မရတဲ့၊ ပြေးခွင့်ရခဲ့ရင်တောင် သတင်းပို့စေရန်အတွက်သာလွှတ်ပေးခြင်းဖြစ်သည်ဟု ကျွဲကြီးတို့ ဂိုဏ်းကတစ်ခါထဲမှာထားသည်။

(ACE) နဲ့ ထိပ်တိုက်ရင်ဆိုင်ရရင် ဒီနှစ်မျိုးဟာ သေဆေးထက်ဆိုကြောင်း ၊ အခြားဂိုဏ်းတွေကလည်း ရှငိးလင်းသုတ်သင်ခြင်ပေမယ့် လူကိုမသိတော့ အခက်တွေ့ကြောင်း၊ သူတို့ဂိုဏ်းသာ ဦးဦးဖျားဖျား သိပြီး သတ်ပေးနိုင်ဖို့ သတင်းရခဲ့သည်။

လက်ဖျံမှာ king cobra ပုံထိုးထားတာရယ် ၊ပုသိမ် တကသိုလ်မှာ ရုပ်ဖျက်ကျောင်းတက်နေတာကလွဲရင် သူလည်းမသိခဲ့၊ ကျွဲကြီးပြေးနေရတော့ သူပါ နယ်မြို့ကိုပြန်ပြေးဖို့အလုပ် မုဆိုးဘ၀ကနေ သားကောင်ဘ၀သို့ရောက်ရှိခဲ့ရခြင်းပင်။

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now