"မီးလေး ထမင်းစားမကောင်းဘူးလား"
အေးကိုကြည့်နေသော မီးလေးကို ဇင်မေသူ့ မေမေမှမေးလိုက်ခြင်း။"မေမေ မမကလေး မီးလေးကိုချစ်တာ သိပေယဲ့ မီးလေးကို တခါမှ ဒီကမမလို ဟင်းတွေ သေသေချာချာထည့်မယေးဘူး "
ထိုအခါမှ ဇင်မေသူက
"ဟင် မီးလေး အဲ့လိုတွက်ကပ်မနေနဲ့ မမ မကြိုက်ဘူး"
ဇင်မေသူက ဆူသလိုပြန်ပြောသည်။"ဟင့် မေမေ မမက တခြားသူအတွက် မီးလေးကိုဆူတယ် အီးဟီး ဟင့်"
ထမင်းစားဝိုင်းမှာ ငိုသော မီးလေးကိုအေးကနေ"မငိုပါနဲ့ မီးလေးရယ် မမက ထည့်ပေးမှာပေါ့ လာမမထည့်ပေးမယ်"
အေးထည့်ပေးမို့ မီးလေးပန်ကန်ကိုလက်လှမ်းနေစဉ်
"သွား မမ ကြောင့် မီးလေးကို မမက ဆူတာ မမကိုမုန်းတယ် မီးလေးအိမ်မှာမနေနဲ့ သွား"
ထမင်းပန်ကန်ကို သူ့ဘက်ဆွဲပြီးပြောလိုက်သော မီးလေး
"ရွှမ်းမီလေး!"
ထိုအသံက ဇင်မေသူ့ရှီမှအသံ
"ဟဲ့ သမီး ဘာလို့ ကလေးကိုအော်ရတာလဲ"
သူ့အမေမှပြောလိုက်ခြင်း"မေမေ့သမီးကို ကြည့်ပြော အရိုင်းစ်ုင်း! စကားအပြောအစိုက လာ မမသွားမယ်"
သူက အေးလက်ကိုဆွဲပြီး အပေါ်ထပ်က အခန်းဆီကိုခေါ်သံားတယ် အနောက်ကိုတော့လှည့်ကြည့်မိတယ် ။ဇင်မေသူ့မေမေက မီးလေးကို ချော့မြူနေတယ်။ဟင်းးး အားနာစရာတော့ဖြစ်ပြီ။
.
.
.
"ဇင်မေသူရယ် ဘာလို့ကလေးကိုအော်လိုက်ရတာလဲ""မမ မသိပါဘူး "
"အော် ငါသိလို့ သိတာမှ မဟုတ်ဘူး မြင်တောင်မ့င်လိုက်သေးတယ် ...ကလေးက နင့်ရှီက ဂရုစိုက်တာခံချင်နေတာ နေမှာပေါ့"
"ဟာာ ကိုယ်လည်း စိုက်သင့်သလောက် ဂရုစိုက်တာဘဲလေ မသိဘူး မသိဘူး ကိုယ်သိတာက မမကိုထိတာတို့ မမကိုအော်တာတို့ စော်ကားတာ တို့ဆို ကိုယ်ကငြိမ်ခံနေမှာမဟုတ်ဘူး"
"ငါ့ကိုအဲ့လောက်ချစ်တာလား"
"မမကိုချစ်တာထက် မြတ်နိုးတယ် တန်ဖိုးထားတယ် ကိုယ်ကမမကို..."