"Lili ဒီမှာငါနင့်အတွက်အိမ်ကနေမုန့်ယူလာတယ်"
ကျွန်မ တို့သူငယ်ချင်းတွေ အတန်းထဲမှာထိုင်နေစဉ် အသံတစ်သံနဲ့အတူ မျက်စိရှေ့ကိုရောက်လာတဲ့ လက်တစ်စုံနဲ့ ပန်းရောင်ဘူးလေးတစ်ဘူးကိုတွေ့လိုက်ရသည်
ဒါဘယ်သူလဲဆိုတာ သိတာပေါ့ ကျွန်မ ကိုဒီလိုတွေပေးနေတာ တစ်ယောက်ဘဲရှိတယ် သူမက မီနီ
"ယူလာပေးလို့ကျေးဇူးတင်ပါတယ် ဒါပေမယ့် မယူတော့ပါဘူး"
အားနာစွာအပြုံးလေးတစ်ခုဖန်တီးရင်းပြောလိုက်ရသည်
"ငါလာပေးတိုင်း နင်အမြဲငြင်းနေတာဘဲ ဒီတစ်ခါတော့ယူပါနော် နင့်ကိုစားစေချင်လွန်းလို့ ငါကိုယ်တိုင်လုပ်လာပေးတာ"
ဟုတ်သည် သူမ မုန့်တွေလာပေးတိုင်း အမြဲငြင်းလွှတ်နေကြ စိတ်မပျက်ဘဲလာလာပေးနေတဲ့ သူမကိုတကယ်အားနာလှပြီမို့
သူမ လက်ထဲကမုန့်ဘူးလေးကိုယူဖို့ လက်လှမ်းတော့မဲ့အချိန်မှာ ထွက်ပေါ်လာသည့် စကားသံလေးကြောင့်လက်တွေဟာအော်တိုတွန့်ဆုတ်သွားခဲ့ရသည်
"ယူရဲယူကြည့် နင်နဲ့ငါသေခန်းပြတ်ဘဲ"
အလွန်ဩဇာညောင်းလှသော ဒီစကားကြောင့် မျက်နှာပူစွာနဲ့ဘဲ မီနီ ကိုထပ်ငြင်းလိုက်ရသည်
"တောင်းပန်ပါတယ် ငါထပ်ပြီးငြင်းပါရစေ နောက်ဆိုဒါမျိုးတွေယူမလာပါနဲ့လား"
"အင်းပါ နင်မကြိုက်ရင်နောက်ယူမလာတော့ပါဘူး ဒါဆို ငါသွားတော့မယ်နော်"
"အွန်း"
မီနီကိုကြည့်လိုက်တော့ niကိုမျက်စောင်းထိုးကာထွက်သွားလေရဲ့
Niniကိုကြည့်လိုက်ပြန်တော့လည်း မီနီကိုသေလောက်တဲ့အကြည့်နဲ့ကြည့်နေပြန်တယ်
Chaeနဲ့Sooကတော့ဟိုလူ့ကြည့်လိုက်ဒီလူ့ကြည့်လိုက်ဖြင့်အလုပ်ရှုပ်နေလေရဲ့
"သူကဘာလဲ နေတိုင်းမုန့်တွေလာလာပေးနေရအောင် နင်တို့နှစ်ယောက်ကအရမ်းရင်းနှီးနေကြပြီလား"
"မရင်းနှီးပါဘူး niရယ် သူ့ဘာသာလာပေးတာလေ ငါ့နဲ့မှမဆိုင်ဘဲ"
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...