Memory👉12👈

764 89 2
                                    

"Lili ဟိုမှာ ကြယ်ကြွေသွားပြီး ဆုတောင်းရအောင်"

ကိုယ့်ပခုံးထပ်ခေါင်းလေးမှီနေရာမှ ဖယ်ခွာလိုက်ပြီး ပြောလာသည်

သူမ ကိုကြည့်လိုက်တော့လည်း လက်လေးနှစ်ဖက်ကိုပူးကပ်ကာ မျက်လုံးနှစ်ဖက်ကိုမှိတ်လို့ သေချာလေးဆုတောင်းနေဟန်

ကျွန်မလည်း မျက်လုံးတွေကိုမှိတ်လိုက်ပြီး သူမနည်းတူ တောင်းဆုတစ်ခုအားပြုလိုက်သည်

"နင့်ဆုတောင်းက ဘာလည်းဟင်"

နှစ်ယောက်သားတောင်းဆုချွေပြီးနောက် သူမ ကမေးလာလေသည်

"ဘာလို့ပြောရမှာလည်း အခုပြောလိုက်ရင် တောင်းဆုကဘယ်ပြည့်တော့မလည်း"

ခပ်ပြုံးပြုံးလေး ပြောလိုက်တော့ သူမ မျက်နှာလေးအနည်းငယ်စူပုတ်သွားသည်

"အကျင့်ပုတ်လိုက်တာ"

နှာခေါင်းလေးရှုံ့ကာမကျေမနပ်ဆိုလာလေရဲ့

"နင်စိတ်မပူပါနဲ့ တစ်ချိန်ချိန်တော့ နင်သိရမှာပါ"

"ဘယ်အချိန်လည်း"

"တစ်ချိန်ချိန်ပါဆို အဲ့ဒီနေ့ကျရင် နင့်ဆုတောင်းကိုလည်းပြောပြရမယ်နော် အခုတော့ ငါမမေးတော့ပါဘူး"

"ပြီးရော ကတိ"

"အင်း ကတိ"

အခုချိန်မပြောပြနိုင်သေးတာကိုခွင့်လွှတ်ပါ ni
ငါ့ဆုတောင်းတွေမပြည့်မှာထက် ပြောချိန်မတန်သေးလို့ပါ

"အေးလာပြီ ငါတို့အထဲဝင်ရအောင်လား"

ညနက်လာသည်နှင့်အမျှ အအေးဓာတ်ကပိုလာပြီမို့ အထဲဝင်ဖို့ရန် သူမ အားပြောလိုက်သည်

"ခဏလောက်နေချင်သေးတယ်"

သူမ ကတောင်းဆိုလာတော့လည်း လိုက်လျောပေးရဦးမည်ပေါ့

"မင်း သဘောပါ"

ဒီတစ်ခါ ပခုံးပေါ်ခေါင်းမှီရုံတင်မက ရင်ခွင်ထဲတိုးဝင်လာသည့် ကောင်မလေးကြောင့် အနည်းငယ်တော့လန့်သွားရသည်

"ဖက်ထားပေးပါလား ငါချမ်းလို့"

မင်းတောင်းဆိုတာတွေအရမ်းများနေပြီ ကောင်မလေးရယ် ဒါပေမဲ့ ငါသဘောကျတယ်

Memory (Completed)Where stories live. Discover now