ကျွန်မတို့အခုနောက်တစ်နေရာဖြစ်တဲ့ ရုပ်ရှင်ရုံကိုရောက်နေပြီဖြစ်သည်
ဟိုလူတွေများရှိနေမလားလို့ ဘေးဘီကိုဝှေ့ဝဲကြည့်လိုက်သည်
"တွေ့လား ငါပြောပါတယ် ဒါကတိုက်ဆိုင်တာပါလို့ လာရုံထဲသွားကြမယ်"
သူမ ရဲ့စကားကိုသိပ်တော့မယုံချင်ပါ ဒီလူတွေ ကျွန်မတို့နောက်ကိုလိုက်နေတယ်ဆိုတာသေချာပါတယ်
အားလုံးကတော့ရုပ်ရှင်ကြည့်နေကြပေမယ့် ကျွန်မမှာတော့ဟိုလူတွေများရောက်လာမလားလို့ ရုံထဲမှာလှည့်ပတ်ကြည့်နေမိသည်
ကံကောင်းတာက ရုပ်ရှင်ပြီးသွားသည့်တိုင် သူတို့ကိုမတွေ့ရတာဘဲ
"ငါတို့ပြန်ကြမယ် ဈေးမဝယ်ကြနဲ့တော့"
ရုံထဲကထွက်ထွက်ချင်းနာရီကိုကြည့်လိုက်တော့ သုံးနာရီတောင်ခွဲနေပြီမို့ သူမ တို့အားပြောလိုက်ရသည်
"နင်ကလည်း နာရီဝက်ကြီးများတောင်လိုပါသေးတယ် ဈေးဝယ်ဖို့အချိန်ရပါသေးတယ်"
သူမကနှုတ်ခမ်းစူကာပြောလာလေသည်
"ဘာကိုအချိန်ရတာလည်း အဲ့ဒီနာရီဝက်ကအိမ်ရောက်တာနဲ့ကွက်တိဘဲ ဒီလောက်ထိလျှောက်သွားပြီးတာတောင် အားမရသေးဘူးလား ဟော ဟိုမှာတွေ့ပြီ ပြောပါတယ်ဒင်းတို့က ငါတို့နောက်ကိုလိုက်နေတာပါလို့"
သူမကိုအိမ်ပြန်ဖို့ပြောနေရင်း ကားလမ်းရဲ့တစ်ဖက်မှာမြင်လိုက်ရသည့်ဟိုငနဲတစ်သိုက်ကိုမေးငေါ့ပြကာပြောလိုက်ရသည်
"ဟုတ်သားဘဲ သူတို့တကယ်ကြီးလိုက်လာကြတာဘဲ"
ချယ်ကမျက်လုံးပြူးကာအံ့ဩသွားသလိုပြောလာသည်
သူမ ကိုကြည့်လိုက်တော့ အလိုမကျသလိုနဲ့ မျက်နှာက အခုထိစူပုတ်နေတုန်း
"ဒီထက်နောက်ကျရင် အန္တာရာယ်များတယ် တော်ပြီပြန်ကြမယ် လာ"
လာ ဆိုပြီး သူမ ရဲ့လက်လေးကိုဆွဲလို့ အရှေ့ကနေဦးဆောင်သွားလိုက်သည် အနောက်က သူမ ကတော့မလိုက်ချင် လိုက်ချင်နဲ့ ပါလာလေရဲ့
တောင်းပန်ပါတယ်ni မင်းစိတ်ဆိုးမှာထက် မင်းအန္တရာယ်ဖြစ်မှာကို ငါပိုကြောက်လို့ပါ အခုခေတ်လူတွေကယုံရတာမဟုတ်ဘူးရယ်
YOU ARE READING
Memory (Completed)
Fanfictionကံမကုန်လို့ ပြန်ဆုံကြတဲ့အခါ ပထမဆုံးပြုံးပြနိုင်တဲ့သူက ငါဖြစ်ပါစေ...