Memory👉22👈

912 124 20
                                    

အကြည့်ချင်းဆုံနေတဲ့ အခိုက်တန့်မှာ ငါ့မျက်ဝန်းထဲက မျက်ရည်စတွေကို မင်း မမြင်စေဖို့ဆုတောင်းမိတယ်

ငါက အရမ်းပျော့ညံ့တဲ့လူတစ်ယောက်ဖြစ်နေပါစေ မင်းရှေ့မှာတော့  မျက်ရည်မကျချင်ဘူး အထူးသဖြင့် မင်းရဲ့သက်ဆိုင်သူရှေ့မှာပေါ့

မိုးရေစက်တွေကိုကျေးဇူးတင်ရမယ် ငါအရှက်ရစေမဲ့အရာတွေကိုဖုံးကွယ်ပေးထားလို့

ဆုပ်ကိုင်ထားတဲ့ မင်းတို့နှစ်ယောက်ရဲ့ တွဲလက်ကိုမြင်လိုက်ရပြန်တော့ ငါ အသက်ရှူမဝတော့သလိုမျိုး ခံစားလိုက်ရပြန်တယ်

စိုးထိတ်နေတဲ့ မင်းမျက်နှာလေးကို မြင်ရတာက ငါ့ကိုပိုပြီးနာကျင်စေတယ် niရယ်

ငါက ဒီအဖြစ်ပျက်ကို မသိခဲ့သလိုမျိုး မင်းတို့နှစ်ယောက်ကို မတွေ့ခဲ့သလိုမျိုး သဘောထားပေးလိုက်မှာမို့ မင်း ဘာမှစိုးရိမ်မနေပါနဲ့

ငါ့အတွက် ခက်ခဲပေမယ့် မင်း အတွက် ငါ ကြိုးစားပေးပါ့မယ်

ခွင့်ပြုချက်မရှိပါဘဲနဲ့ မျက်ရည်တစ်စက်ဟာ ပါးပြင်ပေါ်သို့ စီးကျလို့လာခဲ့ပြန်သည်

ကျွန်မ မသုတ်ဖြစ်ခဲ့ပါဘူး ငိုနေတာသိသွားမှာစိုးလို့

အဲ့အစားခြေလှမ်းတွေကိုနောက်ပြန်လှည့်လို့ လေးလံနေသည့်ခြေထောက်တွေကို အလုပ်ပေးရင်း သူမ တို့ကိုကျောခိုင်းပြီး လှည့်ပြန်ခဲ့လိုက်သည်

စောင်းထားသည့်ထီးကိုတောင် ဆက်ပြီးဆုပ်ကိုင်နိုင်စွမ်းမရှိတော့လို့ အဲ့ဒီနေရာမှာဘဲ လွှတ်ချထားခဲ့လိုက်တယ်

အနည်းဆုံးတော့ သူမ ခုံလှုံလို့ရသေးတာပေါ့

ဆက်တိုက်စီးကျနေသည့် ခပ်နွေးနွေးမျက်ရည်စက်တွေကိုလည်း မသုတ်နိုင်တော့ဘူး

ဇာတ်လမ်းတွဲတွေထဲမှာ အသည်းကွဲခန်းဆိုရင် မိုးရွာတတ်တယ် ဒါပေမယ့် ဒါကစိတ်ကြိုက်ဖန်တီးပြီးရိုက်ကူးထားတဲ့ဇာတ်ကားမှမဟုတ်ဘဲ

ဘာလို့မိုးကရွာချလာရတာလည်း ဒီမိုးသာမရွာခဲ့ရင် ကျွန်မ လည်းသူမ ကိုလိုက်ရှာခဲ့မှာမဟုတ်ဘူး သူမ တို့လည်းမိုးရေထဲမှာ ပြေးလွှားနေခဲ့ကြမှာမဟုတ်သလို ဒီလိုဆိုးရွားတဲ့ မြင်ကွင်းကိုလည်း ကျွန်မ မြင်ခဲ့ရမှာမဟုတ်ဘူး

Memory (Completed)Where stories live. Discover now