Memory 👉19👈

804 90 7
                                    

ကျွန်မ ဘယ်လောက်တောင်အိပ်ပျော်သွားလည်းဆိုရင် နေ့ခင်းနှစ်ချက်တီးလောက်မှ နိုးလာသည့်ဖြစ်ခြင်း

ဒါတောင် အဖေလာနှိုးလို့ အိပ်ဆေးရဲ့အာနိသင်ကတော်တော် တော့ပြင်းသား

အိပ်ရာကထထချင်း ခေါင်းတွေထိုးကိုက်လာလို့ လက်နဲ့နထင်ကိုဖိထားလိုက်ရသည် အဖေကတော့ ကျွန်မ စားဖို့ တစ်ခုခုပြင်ဆင်နေလေရဲ့

ကိုက်ခဲနေသည့်နထင်ကိုလက်နှစ်ဖက်နှင့်ဖိပွတ်ရင်း မျက်လုံးတွေကိုမှိတ်ထားလိုက်သည်

ခေါင်းထဲဝင်လာတာက မနေ့ကအဖြစ်ပျက်တွေ သေချာပေါက်ဒါတွေဟာ အိပ်မက်မဟုတ်ခဲ့ဘူးဘဲ

မခိုင်းစေပါဘဲနဲ့ မျက်ရည်တွေကကျလာခဲ့ပြန်သည်
ပုံမှန်ထပ် ပိုမိုပူနွေးနေသည့် မျက်ရည်တွေကို လက်ဖြင့်ဆွဲသုတ်လိုက်တော့ မျက်ရည်ကြောင့်ပူနေတာမဟုတ်ဘဲ ကျွန်မရဲ့ခန္ဓာကိုယ်ကပူနွေးနေသည်ကိုသိလိုက်ရသည်

ကျွန်မ တကယ်ဖျားနေပြီဘဲ
ကောင်းပါတယ် နောက်နေ့အတွက်လည်း ကျောင်းမသွားဖို့ အကြောင်းပြချက်ရပြီပေါ့

အရင်ကဆို အပြင်းဖျားနေရင်တောင် ကျောင်းကိုရောက်အောင်သွားတဲ့ ကျွန်မက အခုတော့ ကျောင်းပျက်ချင်နေသတဲ့

"Lili သမီး ရော့ဆန်ပြုတ်လေးသောက်လိုက်"

"ဟုတ်"

အဖေကစားပွဲလေးပေါ် ဆန်ပြုတ်ပန်းကန်လေးချ‌ေပးပြီးနောက် ကျွန်မ ရဲ့နဖူးပေါ်သို့လက်တင်ကာ ကိုယ်ပူစမ်းနေလေသည်

"ပူကျစ်နေတာဘဲ ဒါမြန်းသိရင်အဖေအစောကြီးလာနှိုးပါတယ် niniပြောလို့ သမီးနေမကောင်းဘူးဆိုတာသိရတာ"

အဖေ့ဆီက သူမ နာမည်လေးကြားလိုက်ရတော့ ပါးစပ်နားရောက်ခါနီးနေသည့် ဆန်ပြုတ်ဇွန်းလေးခေတ်တမျှရပ်တန့်သွားခဲ့သည်

အခုတော့ နာမည်လေးကြားရုံနဲ့တောင် နာကျင်နေရပါလား

"Lili ဘာဖြစ်လို့ငိုနေတာလည်း"

အဖေက ကျွန်မ ရဲ့ခေါင်းလေးကိုဖွဖွကိုင်ရင်းမေးလာသည်

တကယ်ဘဲ ဒီစောက်သုံးမကျတဲ့ မျက်ရည်တွေက ဘာလို့ကျလာရပြန်တာလည်း

Memory (Completed)Where stories live. Discover now