Memory👉33👈Final

2.7K 153 21
                                    

သုံးနှစ်ဆိုတဲ့အချိန်က လူတစ်ယောက်ကိုမေ့ပစ်ဖို့မလုံလောက်ခဲ့ပေမယ့် ‌ကိုးနှစ်ဆိုတဲ့အချိန်ကတော့ ဒဏ်ရာတွေသက်သာစေဖို့လုံလောက်ခဲ့ပြီထင်ပါရဲ့

နာကျင်မှုတွေအနည်ထိုင်လို့ ဝေဒနာတွေလည်းလျော့ပါးလာခဲ့ပြီး နေရတာအဆင်ပြေပြေရှိနေပါပြီ

သတိမရတော့ဘူးလားလို့မေးရင်တော့ မညာဝံ့ပါဘူးတခါတလေတိုက်ဆိုင်မှုလေးများရှိရင်တော့ သတိရတယ်ဆိုရုံလေး လွမ်းဆွတ်မိတာပေါ့

သူမ အပေါ်အပြစ်တင်စိတ်တွေလည်းမရှိတော့သလို မုန်းလည်းမမုန်းချင်တော့ပါဘူး အရာရာကကံစီမံရာအတိုင်းဘဲလို့သာ တွေးမှတ်လိုက်သည်

အဲ့လို အရာရာခွင့်လွှတ်ပေးလိုက်လို့ဘဲ ဝေဒနာ‌တွေ‌ လျော့ပါးသွားတယ်ထင်ပါရဲ့

ကျွန်မ ဘက်က သူမ အပေါ်ချစ်နိုင်တာထပ်ပိုပြီး အတိုင်းထပ်အလွန်‌ေပးဆပ်ပြီးချစ်ခဲ့ပြီးပြီမို့ အခုချိန်မှာ လက်လွှတ်ခဲ့ရတဲ့အတွက် နောင်တဆိုမျိုးလည်းမရှိတော့ပါဘူး

တွေးမိတယ် ဒီအချိန်ဆိုရင် မင်း ဘယ်ဆီရောက်နေမလဲ ဘာတွေများလုပ်နေပြီး ဘယ်သူတွေနဲ့များရှိနေမလည်းလို့

အင်း မင်းချစ်ရတဲ့သူနဲ့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကိုတည်ဆောက်နေရောပေါ့
မင်း ပျော်နေမယ်လို့ငါမျှော်လင့်ပါတယ်
ငါကတော့ မင်းမရှိတဲ့ကမ္ဘာကြီးမှာနေသားကျနေပါပြီ

အလွမ်းတွေကိုအဖော်ပြုလို့ အထီးကျန်ခြင်းတွေနဲ့တစ်သားတည်းဖြစ်နေပါပြီ

မင်းဘဝရဲ့အရေးကြီးဆုံးနေ့ရက်တွေမှာအနားမှာမရှိ‌ေပးနိုင်ခဲ့လို့ တောင်းပန်ပါတယ် ငါလည်းမင်းအနားမှာအမြဲတမ်းရှိနေချင်တာပေါ့ ခွဲချိန်တန်လို့ ခွဲခဲ့ရတယ်လို့သာသတ်မှတ်လိုက်ပါတယ်

အခုဆိုရင် ငါတို့တွေ မတွေ့ရတာကိုးနှစ်တောင်ရှိသွားပြီဘဲ အမှန်တိုင်း ပြောရရင် မင်းကိုတော့တွေ့ချင်မိသား ငါခိုးပြီးနမ်းရှိုက်ခဲ့ဖူးတဲ့ဆံနွယ်လေးတွေ ရှည်နေပြီလား

ပထမဆုံးအကြိမ် ငါနမ်းဖူးတဲ့ မင်းရဲ့ပါးဖောင်းဖောင်းလေးတွေရော ရှိသေးရဲ့လား လူကောင်သေးသေးလေးက ဘယ်လိုကြီးပြင်းလာမလဲ ဆိုပြီးငါစိတ်ကူးကြည့်မိတယ်

You've reached the end of published parts.

⏰ Last updated: Feb 25, 2023 ⏰

Add this story to your Library to get notified about new parts!

Memory (Completed)Where stories live. Discover now