မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း (၁)

5.3K 163 6
                                    

Unicode

အခန်းတစ်ခု၏ဘေးဘက်နံရံဘက်တွင်ကပ်၍ရှိနေသည့် တီဗီတွင်ရုပ်သံတစ်ခုမှမြန်မာရုပ်ရှင်ကားတစ်ကားကို ထုတ်လွှင့်နေချိန်ဖြစ်သည်။ထိုရုပ်သံအား ကြည့်နေသည့် ကောင်မလေးတစ်ယောက်လည်း ထိုအခန်းထဲတွင်ရှိပေသည်။

"ဝေးဝေးသွားလို့မရအောင် အချစ်ရယ်ဖက်ထားချင်တယ်"

"မင်းရဲ့အပြုံးနုလေးရယ် ဝေးမှာကိုယ်ကြောက်နေတယ်"

"ခြေလှမ်းလေးလှမ်းလိုက်တိုင်းမှာ အရိပ်ကလေးလိုကိုယ်လိုက်နေမယ်"

*သိပ်ချစ်တာ သူသိပါကွယ်~~~*

"မင်းလေးသဘောကျအချစ်ရယ် ကိုယ့်မှာအဆင်သင့်ပါကွယ်"

"နှလုံးသားလေးတော့ကွဲအောင် အချစ်ရယ်မကျီစားပါနဲ့"

"မင်းရဲ့အချစ်နဲ့ကိုယ့်မှာ အသက်ဆက်လို့ရှင်ရမယ်"

*သိပ်ချစ်တာ သူသိပါကွယ်~~~*

ချစ်သူနှစ်ယောက်ကြည်နူးပျော်ရွှင်နေကာ ဘေးပတ်ဝန်းကျင်တွင်မည်သူတစ်ဦးတစ်ယောက်မှရှိမနေသည့်အလား  လက်ချင်းတွဲကာသီချင်းကလေးတညီးညီးနှင့်။ထိုချစ်သူနှစ်ဦးသည်အလွန်လိုက်ဖက်လှသည်။တစ်ယောက်ကဆရာဝန်၊တစ်ယောက်ကကျောင်းအုပ်ဆရာမ။အထွန်းမှာ သူတို့နှစ်ယောက်ကိုကြည့်နေရင်းပင် မျက်နှာမှာပြုံးစိစိဖြစ်နေရသည်။ထို့နောက် စိတ်မကောင်းလည်းဖြစ်ရပြန်သည်။ ဆရာမကြီးမှာကသွေးကင်ဆာရှိနေသည်တဲ့ သနားစရာဘဲ။နောက်လာမည့်အပိုင်းကိုတော့ အထွန်းအတော်ပင်စိတ်ဝင်စားလှသည်။

တဖြည်းဖြည်းနဲ့ ရုပ်ရှင်ကဇာတ်ရှိန်တတ်လာသည်။ကိုယ့်မှာ
ကြည့်ပြီး အားမလိုအားမရတောင်ဖြစ်လာသည်။ထိုစဥ်ရုတ်တရက်........

ဟာ............
မီးပျက်သွားတာကြောင့် အထွန်းပို၍ပင် အားမရဖြစ်ကာ ကုတင်ကိုတဒုန်းဒုန်းနှင့်ထုနေမိသည်။မြန်မာနိုင်ငံကမီးဟာသိပ်ကိုအချိန်မှန်သည်။လာသည့်အချိန်ကိုမဟုတ် ပျက်သည့်အချိန်ကိုသာဆိုလိုသည်။

ထို့နောက်ဘေးနားတွင်ချထားသည့် ဖုန်းကိုကောက်ယူလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲသို့ထည့်ကာ အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်။အထွန်းတို့အိမ်က နှစ်ထပ်အိမ်ဖြစ်တာကြောင့် လှေကား၁၀ထစ်လောက်ဆင်းပြီးတာနဲ့အိမ်အောက်ထပ်သို့ရောက်သည်။လှေကားအဆုံးတွင် ရေချိုးခန်း နှင့်အိမ်သာကိုကပ်လျက်ထားသည်။တစ်ချို့အိမ်တွေက ရေချိုးခန်းနှင့် အိမ်သာကို နောက်ဖေးတွင်ထားကြသည်။အထွန်းတို့အိမ်မှဘယ်နှယ့်ကြောင့်သည်လိုစိတ်ကူးရထားကြလဲမသိ။
အောက်ထပ်ရောက်​တော့အရင်ဆုံး သွားမိသည်က အဖွားရဲ့အခန်းဆီ။

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Where stories live. Discover now