မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း(၈)

1.3K 122 9
                                    

Unicode

" အဖွား.....အဖွားရေ"
အိမ်ထဲရောက်ရောက်ခြင်း ခေါ်မိသည်က အထွန်းအတွက်ဆိုအမြဲရှိပေးခဲ့သည့် အဖွားကိုပင်။ကျောင်းပြန်လာချိန်တိုင်း အဖွား၏ ရွှင်ရွှင်လန်းလန်းရှိသည့် မျက်နှာကိုမြင်တွေ့ရမှာသာ စိတ်လုံးလုံးချရသည်။

"မြေးလေး...ပြန်လာပြီလား"

"ဟုတ်ကဲ့အဖွား...နေလို့ထိုင်လို့ကောင်းရဲ့လား
တစ်ခုခုရောဖြစ်သေးလား...ကြီးကြီးမြတ်ရောဆေးတိုက်ရဲ့လား...ထမင်းရောစားပြီးပြီလား"

"ဖြည်းဖြည်းမေးပါကွယ်...အဖွားဘာမှမဖြစ်ဘူး.
ဆေးလည်းသောက်ပြီးပြီ....ထမင်းလည်းစားပြီးပြီ မပူနဲ့"

"အထွန်းကအဖွားတစ်ခုခုဖြစ်နေမှာဆိုးလို့ပါ"
အထွန်းအဖွားကိုဖက်လိုက်တော့ အဖွားကလည်းပြန်လည်ဖက်ပေးပြီး အထွန်းကျောကိုခပ်ဖွဖွကလေးပုတ်ကာ
နှစ်သိမ့်၏။

"ကဲ....သည်မြေးလေး ဘာဖြစ်နေတာလဲ အဖွားကိုပြော...
ကျောင်းမှာတစ်ခုခုဖြစ်လာလို့လား"

"မဟုတ်ပါဘူး...အထွန်းဝမ်းနည်းလို့ပါ"

"မြေးကိုဘယ်သူကဝမ်းနည်းအောင်လုပ်တာလဲ အဖွားကိုပြော...အဖွားတစ်ယောက်လုံးရှိတယ်"
သူ့ကိုယ်သူတောင်အနိုင်နိုင်ရပ်နေရှာရသည့်အဖွားက အထွန်းကိုဝမ်းနည်းအောင်လုပ်သည့်ကို သူကိုလက်သီးလက်မောင်းတန်းကာမေးရှာသည်။အဖွား၏ပုံစံလေးကိုကြည့်ကာ အထွန်းရဲ့ဝမ်းနည်းမှုတွေလည်းအဝေးသို့လွင့်စင်သွားရသည်။ဘယ်အချိန်မဆို အထွန်းဘက်မှာရှိနေပေးခဲ့သည့်အဖွားကို အထွန်းသိပ်ချစ်ရပါသည်။

"ဘယ်သူ့ကြောင့်မှမဟုတ်ပါဘူးအဖွားရဲ့.
ဒီတိုင်း...."

"မြေးလေး ဖေဖေရောဖုန်းဆက်သေးလား"

"ဟိုတစ်လောကတော့ဆက်ပါတယ်....အဖွားအတွက်ဆေးဖိုးရယ်၊အထွန်းအတွက်ကျောင်းစရိတ်ရယ်၊နေစရိတ်၊စားစရိတ်ရယ် ပို့ပေးလိုက်မယ်ပြောတယ်"

"ဟိုမိန်းမရောဆက်သေးလား"

"မဆက်တာဘဲကောင်းပါတယ်အဖွားရယ်..
သူနဲ့စကားမပြောရဲဘူး...."
ဟုတ်သည်။အထွန်း မေမေလေးကိုကြောက်သည်။အထွန်းအပေါ် ခပ်စိမ်းစိမ်း၊ခပ်တန်းတန်းသာ ဆက်ဆံသည့်မေမေလေးကိုအထွန်းကြောက်သည်။မေမေလေးသည်အထွန်း၏မိထွေး...။အဖွားကတော့မေမေလေးကိုသဘောမကျ။မိထွေးဆိုသော်လည်း အရမ်းဆိုးရွားသည့်မိထွေးတော့မဟုတ်...။ကောင်းစရာရှိရင်ကောင်းပြီး...အမှားတစ်ခုခုလုပ်မိရင်လည်း ရင်ထဲမချိမဆန့်ခံစားရအောင် ပြောတတ်သည့် သူမျိုးမို့ အထွန်းငယ်ငယ်လေးထဲက အနေအထိုင်ဆင်ခြင်၍နေရထိုင်ရသည်။လူမှန်းမသိခင်ထဲက အထွန်းအနားမှာရှိခဲ့သည့်သူမို့လည်း အမေအရင်းပမာအထွန်းချစ်ရပါသည်။

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Waar verhalen tot leven komen. Ontdek het nu