မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း(၃)

1.3K 122 31
                                    

Unicode

"ဟဲ့....ဟဲ့...ဘာတဲ့လဲ..ဘာတဲ့လဲလို့..."
အထွန်းမေးသည်ကိုတော်ရုံနှင့်သုသုကပြန်မဖြေ။ကြောင်တောင်တောင်နှင့်အ​ရှေ့တည့်တည့်ကိုဘဲ မျက်တောင်မခက်စိုက်ကြည့်နေသည်။

လက်သီးနှစ်ဖက်ဆုပ်၍ တစ်စက်စက်တုန်နေသောအပြုအမူဖြင့် သုသုကခန္ဓာကိုယ်ကိုလှုပ်ရမ်း၍
"အား......အရည်တွေပျော်ပါပြီဟယ်"

"သေတော့မလား...ဘာတဲ့လဲဆို"
မေးသည်ကိုမဖြေဘဲ ဖြစ်ပျက်နေသည့်သုသုလက်မောင်းကို မနာရုံခပ်ဖွဖွရိုက်၍ထပ်မေးလိုက်သည်။

သုသုကခေါင်းကိုခါကာ
"ဟင့်အင်း... သေချာတောင်မကြားလိုက်ရဘူး"

"ဟာ...မသိရင်ဘဲကြားလိုက်သလိုလိုနဲ့"

"ခဏလေး...နင်တို့ပြောတဲ့ ဒေါ်မိမိတော့ပါတယ်...
ခဏလေး..."

နှလုံးသားထိရိုက်ခတ်သွားတဲ့ သာယာလွန်းတဲ့ ဆရာမအသံကိုပြန်စဥ်းစားရင်း....
*ဆရာမနာမည်က ဒေါ်မိမိနိုင်လို့ ခေါ်တယ်။
မှတ်ထား သမီး...။*

"ဟုတ်တယ် ဒေါ်မိမိနိုင်....ဒေါ်မိမိနိုင်တဲ့။"

"သေချာလို့လား။"

"သေချာပါတယ်။ငါ့အချစ်နာမည်ကိုမှားစရာလား။"

"ချက်ချင်းနော်အမိ"

"အဟိ...နာမည်လေးအစ လူအဆုံးချစ်ဖို့ကောင်းချက်...။"

သူ့အတွေးနဲ့သူပျော်နေသောသုသုကို ဘေးကနေ ညှိုးငယ်စွာကြည့်နေသည့်အနေ။အနေဘေးမှာရှိနေတာကိုမေ့သွားတာဘဲ။သရုပ်ပျက်စွာဖြစ်နေသည့် သုသုကိုထပ်ရိုက်ကာ သတိပေးရသည်။မဟုတ်ရင် အနေမျက်နှာကမိုးပြိုတော့မည်။အထွန်း အနေ့ကိုကြည့်ပြီး... အော်... တစ်ဖတ်သက်အချစ်ကလည်းအတော့်ကိုပူလောင်ပါလား....လို့တွေးမိပြန်သေးသည်။

               ▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

စာသင်ချိန်တွေတစ်ချိန်ပြီးတစ်ချိန်သင်လို့ပြီး၍နေ့လည်မုန့်စားဆင်းချိန်ပင်ရောက်လာခဲ့သည်။နေ့လည်မုန့်စားဆင်းချိန်သာဆိုတာ မနက်၈နာရီ၄၅ဘဲဲရှိသေးသည်။ကျွန်မတို့ကမနက်အစောပိုင်းတတ်ရတာဆိုတော့ ထိုအချိန်ကမနက်စာစားချိန်ပေါ့။ ညနေအတန်းတွေအတွက် နေ့လည်စာမုန့်စားဆင်းချိန်ပေါ့လေ။

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Where stories live. Discover now