မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း(၆)

1.2K 119 20
                                    

Unicode

"အလိုတော်...ပေးစားတိုင်း ကျွန်မကယူစရာလားရှင့်..။"
ထိုစကားကိုပြောလိုက်သည့်ယောကျာ်းလေးအား အထွန်းမျက်လုံးစိမ်းစိမ်းကြီးနှင့် မျက်စောင်းထိုး၍ စိုက်ကြည့်မိလိုက်သည်။ဘာကြောင့်မှန်းရယ်မသိ ဒေါသကလည်းချက်ချင်းကို ထွက်လာသည်။

"လူစစ်မှာမလို့ ဆရာမကိုတစ်ယောက်ချင်းစီထပြီးမိတ်ဆက်ပေးနော်"

"သားကစ..."
အရှေ့ဆုံးက မျက်မှန်လေးနဲ့ကောင်လေးကအရင်ထပြီးမိတ်ဆက်သည်။ပြီးနောက်သူ့ဘေးကနောက်ထပ်ကောင်လေး၊ထပ်ပြီး နောက်တန်းကကောင်လေးတွေ တစ်ယောက်ပြီးတစ်ယောက်မိတ်ဆက်သွားပြီး မိန်းကလေးများအလှည့်ရောက်လာသည်။

ပထမဆုံးအတန်းကစ၍တဖြည်းဖြည်းမိတ်ဆက်ပြီး နောက်ဆုံးအတန်းမှာရှိသည့် အထွန်းတို့အလှည့်ရောက်လာသည်။အနေကအရင်ထ၍မိတ်ဆက်ပြောသည်။ထို့နောက် အထွန်းထ၍ မိတ်ဆက်တော့ ဆရာမကသိသိသာသာကလေးပြုံးပြသည်။အထွန်းရင်ထဲတွင်အေးချမ်းမှုကစတင်ခံစားလာရသည်။

မိတ်ဆက်ပြီးတော့အထွန်းထိုင်ခုံတွင်ပြန်ထိုင်လိုက်သည်။အငေးကတော့မပြတ်ခဲ့။ဆရာမကတော့ ထပ်၍မိတ်ဆက်နေသည့်ကျောင်းသူတွေ၏နာမည်တွေကိုစာရင်းနဲ့တိုက်နေသည်။အားလုံးမိတ်ဆက်လို့ပြီးသွားတော့ စာမသင်လိုက်ဘဲ ပထမအချိန်ကုန်သွား၏။

"အချိန်ကုန်တာ သိပ်မြန်တာဘဲ...ကဲကလေးတွေ ဆရာမသွားမယ် နောက်ဆရာမမလာခင်ထိ ငြိမ်ငြိမ်လေးနေရမယ်နော်
အဲ့လိုပြောလို့ဆရာမလာရင် ဆော့ရမယ်ပြောတာမဟုတ်ဘူးနော်
ပြန်တိုင်သံတွေမကြားချင်ဘူး...လိမ်လိမ်မာမာနေကြ"

"မဂ်လာပါ...ဆရာမ"
"ကျေးဇူးတင်ပါတယ်...ဆရာမ"

လက်ဟန်ကလေးနဲ့ ပြန်ထိုင်ရန်ပြောပြီး ဆရာမကသူမရဲ့လက်ကိုင်အိတ်ကလေးကို စတိုင်ရှိရှိကိုင်ကာ ခြေလှမ်းသွက်သွက်ဖြင့် အခန်းအပြင်ထွက်သွားသည်ကို အထွန်းကြည့်ရင်း ကြည်နူးနေရသည်။

ဆရာ့စကားသိပ်နားထောင်သည့်တပည့်လေးတွေပါဘဲလေ။ဆရာထွက်သွားသည်နှင့်ငြိမ်ငြိမ်လေးနေကြပါဆိုသောစကားသည် ကြက်ပျောက်ဌက်ပျောက်ပင် လေထဲတွင်သာပျောက်သွားတော့သည်။ပြောင်းဆန်အောင်ဆော့လိုက်၊ အော်ပြောလိုက်နဲ့ အခန်းကတစစနှင့် ပို၍ပို၍ဆူလာသည်။

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Where stories live. Discover now