မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း(၉)

1.5K 123 6
                                    

Unicode


ဝယ်စရာရှိတာတွေကိုတစ်ခုမေ့မကျန်ခဲ့တော့အောင် မြန်မြန်ဆန်ဆန်ဝယ်ခဲ့လိုက်ပြီး စျေးထဲမှပြန်ထွက်လာခဲ့သည်။
ထမိန်အဖျားကို တဖြတ်ဖြတ်ခက်နေအောင်  လျှောက်လာခဲ့ပြီး စျေးခြင်းတောင်းကိုလည်း လက်တစ်ဖက်ဖြင့် မနိုင်တနိုင့်သယ်လာခဲ့သည်။လမ်းကိုခပ်မြန်မြန်လျှောက်လာပေမယ့်  အနောက်ကတစ်စုံတစ်ခု ကပ်ပါလာသည်ကိုတော့ သူသတိထားမိလိုက်သည်။

"အမေ့...."
ရုတ်တရက် ခြေဖဝါးကို လာထိတွေ့ပွတ်သပ်နေတာကြောင့် လန့်ကာ မျက်လုံးစုံမှိတ်၍ အော်လိုက်မိသည်။ထို့နောက် နူးနူးညံ့ညံ့အမွှေးများရဲ့ထိတွေ့မှုကြောင့် မှိတ်ထားသည့်မျက်လုံးကိုဖြည်းညှင်းစွာဖွင့်ကြည့်လိုက်တော့

"အို့...ခွေးပေါက်လေးပါလား"
လမ်းဘေးခွေးဆိုသော်ငြား သူ့မျက်စိထဲတွင်တော့ ထိုခွေးပေါက်လေးဟာ ချစ်စရာအလွန်ကောင်းနေသည်။ခေါင်းလေးကိုပွတ်သပ်ပေးဖို့ လက်ကိုရှေ့ထုတ်လိုက်တော့ ထိုခွေးပေါက်လေးကအလိုက်သင့်ပင် ခေါင်းလေးထိုးလာ၏။ထိုစဥ်မဆီမဆိုင် ဟိုမယ်မင်းကြီးမကိုမျက်စိထဲမြင်ယောင်လာတာကြောင့် ခေါင်းကိုခါယမ်းကာ ခွေးပေါက်လေးဆီအာရုံပြန်ထားလိုက်သည်။

"ကလေးလေး မင်းမေမေရော...ဟင်"
အနီးအနားကို မျက်စပစ်ကာလိုက်ကြည့်မိတော့လည်း ခွေးဆိုလို့တစ်ကောင်တမြှီးမှမရှိ။ဘယ်ကနေများရောက်လာတာလဲကွယ်။

"ဝုတ်...ဝုတ်..."
အကောင်ပေါက်ဖြစ်နေတာကြောင့် ဟောင်သည့်အသံကလည်း အသံသေးလေး။သူ့နားထဲတွင်တော့ ကြောက်စရာမကောင်းဘဲ ချစ်စရာအသံလေးသာကြားနေရသည်။လျှာလေးကိုထုတ်ကာ အမြှီးလေးတနံ့နံ့နှင့် သူ့ကိုမော့ကြည့်နေသည့်ခွေးပေါက်လေးကို ကောက်ချီကာ

"ပိုင်ရှင်မဲ့လေးများလား"

"ဝုတ်...ဝုတ်..."

"အမယ်လေး...အမယ်လေး..."
မျက်နှာအနှံ့ကို သူ့လျှာသေးသေးလေးနဲ့လိုက်နမ်းနေတာကြောင့် သူ့မှာအသဲတယားယားဖြစ်ရသည်။လက်ထဲတွင်လည်းအငြိမ်မနေ။အောက်ပြန်ချပေး​ပြီး ထွက်သွားရန်ပြင်တော့ ထမိန်စကိုကိုက်ဆွဲထားတာကြောင့် ပြန်ချီရပြန်သည်။

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)حيث تعيش القصص. اكتشف الآن