မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း(၅)

1.2K 94 16
                                    

Unicode



ညနေလေလေးတဖြူးဖြူးနဲ့ အိမ်ရှေ့ထွက်ထိုင် တံခါးဘောင်လေးမှီ၍ နေရထိုင်ရသည်ကလည်း လောကစည်းစိမ်တစ်ခုပေ။တံခါးဘောင်ကို မှီထားသည်မှ ကိုယ်ကိုမတ်ကာ မတ်တတ်ထရပ်လိုက်ပြီး ဆံပင်လေးသပ်လိုက်၊ပါးလေးပွတ်လိုက်နှင့် ညနေကျောင်းဆင်းချိန်ကိုတွေးမိတိုင်း ပြုံးစိစိဖြစ်နေရပြန်သည်။အပျော်လွန်၍ ဒူးတွေဒဏ်ရာရထားသည်ကိုမေ့ကာ ခုန်ပေါက်လိုက်မိသည်မို့ ဒဏ်ရာကပြန်နာသွားရသည်။ အရင်တုန်းက ဒဏ်ရာရဖူးပေမယ့် အခုဒဏ်ရာလေးကိုတော့ သုသုမြတ်နိုးပါသည်။ဘာလို့ဆိုတီချယ်နိုင်ကိုယ်တိုင်ကဆေးထည့်ပေးသွားခဲ့သည်လေ..။



သုသုထက်အရပ်အနည်းငယ်ပိုရှည်သည့်  တီချယ်နိုင့်ကိုမော့ကြည့်နေရသည်ကိုက သုသုအတွက်ကြည်နူးစရာတစ်ခုလိုပင်။ကျောင်းကနေထွက်လာထဲက မသိမသာရောသိသိသာသာပါ ခိုးကြည့်နေခဲ့သည်။

"အမေ့....."

"ဟဲ့ အမယ်လေး...."
သုသုအငေးလွန်နေသည့်အတွက် အရှေ့မှာရှိနေသည့် အုတ်နီခဲကိုသတိမမူမိဘဲ ခလုတ်တိုက်မိရာက လွယ်အိတ်အားနှင့်လူအားကိုမထိန်းနိုင်ဘဲ မှောက်လျက်လဲကျတော့သည်။ထိုသို့ခလုတ်တိုက်၍လဲကျသွားသည့် သုသုကြောင့် အိန္ဒြေနှင့်ခြေလှမ်းမှန်မှန်လျှောင်နေသည့် တီချယ်နိုင်လည်းလန့်ကာ အမယ်လေးတ၏။

"သမီးရယ်...ဘယ်လိုဖြစ်ရတာလဲ"
လက်ထဲကကိုင်ထားသည့်ခြင်းတောင်းကိုချကာ လဲကျသွားသည့်သုသုကိုထူမပေးရင်း ဖုန်ခါပေးသည်။

"အောက်ကိုကြည့်မှပေါ့ သမီးရယ်
ပြစမ်း..ဘယ်နားနာသွားသေးလဲ..ကြည့်ရအောင်"
ချက်ချင်းပင် သုသုထမိန်ကိုဆွဲလှန်မကာ ကြည့်နေသည့် တီချယ်နိုင့်ကြောင့် သုသုအလန့်တကြားဖြစ်ရသည်။

"တီချယ်နိုင်...."
သုသုတားတော့မှ လမ်းမကြီးမှာဖြစ်နေသည်ကို တီချယ်နိုင်သတိပြန်ရသွားဟန်ရှိသည်။

"ဆော်ရီးကွယ်..."
"သွေးထွက်နေတယ် သမီး အဆင်ပြေရဲ့လား..."

ဒူးတစ်ဖက်ကို မြေကြီးနဲ့လွတ်ရုံမြှောက်ကာ    ထော့နဲ့ထော့နဲ့ဖြင့်ရပ်နေသည့် သုသုကို တီချယ်နိုင်က တွဲထားပေးသည်။

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Where stories live. Discover now