မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ အပိုင်း(၄)

1.2K 115 20
                                    

Unicode

ကြီးတော်တွန်းလိုက်လို့ ရလာသည့်ဒဏ်ရာကို ဆေးမထည့်ဘဲ အထွန်းကြည့်ကာ အတွေးလွန်နေမိပြန်သည်။မုန့်စားဆင်းချိန်မို့ အခန်းထဲတွင်လူသိပ်မရှိ။အထွန်းကလည်းနောက်ဆုံးအတန်းတွင်ထိုင်နေမို့ အနားတွင်လူရှင်းသည်။

အတွေးတစ်ခုကနေဆက်၍ဆက်၍တွေးတတ်သည့် အထွန်းကို သုသုလှမ်းခေါ်နေသည့်အသံမကြားနိုင်ဘဲ အတွေးကမ္ဘာထဲမျောလွင့်နေသည်။

"ဟဲ့... ခေါ်နေတာကိုမကြားရအောင် ဘာတွေအဲ့လောက်တွေးနေတာလဲ"
အတွေးလွန်နေသည့် အထွန်းကိုခပ်နာနာကလေးရိုက်ကာ သုသုကပြောသည်။

"အာ့....ဘာမှမတွေးပါဘူး"

"လိမ်နေတာအသိအသာကြီးကို..."

ထိုစဥ်သုသုအကြည့်ကအထွန်းလက်ဆီရောက်သွားတာကြောင့် အထွန်းလက်ကိုနောက်ဆုတ်လိုက်သော်လည်း
"ဟယ် နင့်လက်က သွေးတွေထွက်နေတယ်" ဟုဆိုကာ
အထွန်းလက်ကို ဆက်ခနဲဆွဲယူကာ သုသုကကြည့်သည်။

"ဖြည်းဖြည်းလုပ်ပါဟ...အားလားလား..."

"ဆေးမထည့်ဘဲဘာထိုင်လုပ်နေတာလဲ...ဘယ်လိုဖြစ်လာရတာလဲ"

"ငါ...သံနဲ့ခြစ်မိသွားတာ"
ဖြစ်စဥ်အားလုံးကိုပြန်ပြောနေလည်းမထူးတာမို့ ကိုယ့်အပြစ်ဟုသာပုံချလိုက်သည်။

"အမယ်လေး...အဲ့တာကိုဆေးမထည့်ဘဲထိုင်ပြီးတွေးနေသိလား"
"မေးခိုင်ပိုးတွေဝင်ကုန်ရင် နင်ဘယ်လိုလုပ်မလဲ သေတတ်တယ်နော်အထွန်း"

"နေဦး...ငါအတန်းပိုင်ဆီမှာဆေးသွားတောင်းပေးမယ်"

"ငါ့အတွက်တော့ဟုတ်ပါတယ်နော်...နင်တွေ့ချင်လို့ဆိုရင်တော့မသွားနဲ့တော့ ငါရေဘဲဆေးလိုက်တော့မယ်"

"အော်....နင့်အတွက်ပါဟ"
"သွားတောင်းလိုက်ဦးမယ် ...ရော့ဒီမှာနင့်မုန့်..."
ကိုင်ထားသည့်မုန့်ကိုချပေးကာ သုသုကထွက်သွားသည်။အနေကတော့လိုက်မသွား။အမောတကောပြေးသွားသည့်သုသုကိုမြင်ကွင်းကပျောက်သည့်အထိ ကြည့်နေပြီးမှ အထွန်းနားမှာဝင်ထိုင်၍

"နာနေသေးလား..."

"နည်းနည်းပါ...အဆင်ပြေတယ်
နင်ဘာလို့လိုက်မသွားတာလဲ"

မုန်းခြင်းမှသည် ချစ်ခြင်းဆီသို့ (UNI+ZAWGYI)Where stories live. Discover now