part -6

7.9K 334 4
                                    

"ဘိုးလေးတော် ဆိုတာဘယ်သူလည်း"

"လိုက်ကြည့်ရင် သိမှာပေါ့ တူမောင်ရယ်"

မသွားမချင်းစောင့်ခေါ်နေတဲ့ပုံစံမို့လို့
ခွန် နဲနဲတော့ သံသယ၀င်သွားသည်။

ကားအမည်းကြီးကနောက်နားဆက်ကြည့်လိုက်တော့ စုစုပေါင်းသုံးကားတိတိ
နယ်နယ်ရရလူတော့မဖြစ်နိုင်ပေ
ကားနားရောက်ခါနီးမှ က‌ားပေါ်အတင်းတွန်းတင်ခံလိုက်ရ‌တာကြောင့် အေးစက်သောမျက်၀န်းတွေကလတ်ခနဲ

"ဟေ့ စိတ်လျော့စမ်းပါကွ"

အသံကတစ်ခုခုလွှမ်းမိုးနေသယောင် ဩဇာရှိလှသည်။

"မင်းအသက်ဘယ်လောက်လည်း"

ဖြူစွတ်နေသောအသားရည်က တောင်ပေါ်သားမှန်းမြင်တာနဲ့တန်းသိသာသည်။ မ‌ျက်ရစ်မပါသောမျက်လုံးအစ်အစ်တွေက ကောက်ကျစ်စဉ်းလဲသော အကြည့်
ဖြင့် ပြည့်သိပ်နေ၏။ကားပေါ်တွင် ဒရိုက်ဘာရယ် သူရယ် နှင့် ဘိုးလေးတော်လို့ ခေါ်သည့် လူတစ်ယောက်.....

မျက်နှာချင်းဆိုင်မိရုံနဲ့ ပိတ်ဆွဲထိုးချင်လောက်အောင် မျက်နှာပေးကပြည့်စုံလွန်းသည်။ရင်တွေလှိုက်လှဲကာ သွေးကြောတွေတဆစ်ဆစ်ဖြစ်သည့်အထိ ဒေါသတွေက မပြီးနိုင်မစီးနိုင်၊
ဘာကြောင့်လည်း ထိုလူဟာ သူ့ကို ဘာမှ မလုပ်ပါပဲနဲ့ ဘာကြောင့်ရန်လိုမုန်းတီး‌မိနေရတာပါလိမ့်

"မေးတာမဖြေသေးဘူးနော်"

"ကားပေါ်တကူးတကခေါ်ပြီး အသက္မေးရလောက်အောင် ဘာတွေအရေးကြီးနေလို့လည်း"

"အဟား ဇ က မသေးပါလား။ ခေမာ ခေမာ ညည်းသားကညည်းအတိုင်းပါပဲလားကွဲ့"

"မယ်တော့်ကို သိနေတာလား?""

"သိတာပေါ့ ဆွေမျိုးရင်းတွေပဲဟာ"

"ဟင် ကျွန်တော့်မှာဆွေမျိုးဆိုလို့ ဦးတိုးအောင်ပဲရှိတာ"

"မဟုတ်သေးဘူးကွဲ့ မင်းအမေက ကျုပ်ရဲ့တူမတော်စစ်စစ်".

"ဘာကြောင့်အခုလိုအချိန်မှ အမျိုးဆပ်နေရသလဲ တစ်ချက်လောက်ရှင်း"

ဆွေမျိုး‌ေတာ်ကိုတွေ့တာ ၀မ်းသာရမယ့်အစား တရားခံစစ်သလို ကားနောက်ကျောကိုမှီရင်း မေးချလိုက်တော့ ဘိုးလေးတော် အနည်းငယ်သဘောကျသွားရသည်။
ဒီလိုသတိမျိုးနဲ့ ကလေးကိုမှ သဘောမကျရင် သူ့လိုလူမိုက်ရုံသာရှိမယ်

ခါးသက်ပြင်းရှတဲ့ဝိုင်တစ်ခွက် ယစ်မူးစေသောသိုးငယ် မူးမိုက္မိသောသားရဲWhere stories live. Discover now