အပိုင်း ၃

216 13 5
                                    

လစ်ဆီ မိုရာ့ဆီက ထိုလူရဲ့ နာမည်နှင့် လိပ်စာရပြီးသည့်နောက်.. ၀◌မ်လီချန် ကို အင်တာနက်မှာရှာကြည့်လိုက်ပေမဲ့ သူနဲ့ပါတ်သက်တဲ့ အချက်အလက်ဘာမှ ရှိမနေပေ.. သူက ဘယ်သူပါလိမ့်.. သူ့လိုလူကို အင်တာနက်ပေါ်မှာ ရှာလို့မရတဲ့ အကြောင်းရင်း က တခုသာရှိသည်။ သူက အင်တာနက်ပေါ်က အချက်အလက်တွေကို ဖျက်ပစ်နိုင်စွမ်း ရှိသောသူ ဖြစ်ရမည်။ 

လစ်ဆီ သူ့လိပ်စာကိုလဲ ရပြီ ဆိုတော့ မနက်ဖြန် သူ့ဆီသွားရမည်။ လစ်ဆီ သူ့ကို ကောင်းကောင်းတောင်းပန်ပြီး စိန်ပွင့်မယူခင် ထမင်းတနပ်ကျွေးဖို့ တွေးလိုက်သည်။ 

လစ်ဆီမှာ သူ့ကို တောင်းပန်ဖို့နည်းလမ်းပဲတွေးနေမိသည်။ ထိုလူက ချမ်းသာလွန်းတော့ လစ်ဆီ ဘာပဲ ၀◌ယ်သွား၀◌ယ်သွား သူ တချက်လောက်သာ ကြည့်လိမ့်မည်။ ထို့ကြောင့် လစ်ဆီ သူ့ကို ထမင်းကျွေးဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်။ 

လစ်ဆီ အိပ်ပျော်အောင် အတင်းလုပ်လိုက်သည်။ မနက်ခြောက်နာရီမှာ ထိုလူ လှေကားအရောက်သွားပြီး စောင့်ရမည်။ ဒီတခေါက် ငွေနဲ့ စိန်ပွင့်ကို ၀◌ယ်လိုက်နိုင်ပေမဲ့ .. သတင်းပေါက်ကြားသွားလျင် သူ့ ဂုဏ်သိက္ခာတော်တော် ထိလိမ့်မည်။ 

လစ်ဆီ ခိုးယူတာ... ဆိုပြီး နာမည်ဆိုးလဲ ထွက်သွားနိုင်သည်။ သူ အချိန်အကြာကြီး တည်ဆောက်ခဲ့သော နာမည်က တခဏတွင်းချင်း ပြိုကျသွားနိုင်သည်။ ဘယ်လိုဖြစ်ဖြစ် သူ စိန် ပွင့် ကို ရအောင် ယူရမည်။ 

လစ်ဆီ အိပ်ရာပေါ် အိပ်ပြီး မနက်ဖြန် မြန်မြန်ရောက်ချင်လှသည်။ လစ်ဆီမှာ မနက်သုံးနာရီအထိ မအိပ်နိုင်ပေ။  သူ အိပ်ပျော်သွားရုံ ရှိသေး မနက်ခြောက်နာရီ ထိုးသွားပြီး နှိုးစက်မြည်လာသည်။ လစ်ဆီ လက်ကလေးထွက်လာပြီး နှိုးစက်ကို ပိတ်ကာ ပြန်အိပ်လိုက်သည်။ 

ပြီးတော့ ရုတ်တရက် ထလိုက်သည်။ တော်ပါသေးရဲ့ ပြန်အိပ်မပျော်သွားလို့... လစ်ဆီ မြန်မြန်ထပြီး ရေချိုးအ၀◌တ်အစားလဲကာ ထွက်လာလိုက်သည်။ 

လစ်ဆီလိပ်စာကို တချက်ပြန်ကြည့်လိုက်သည်။ လူကုံထန် ရပ်ကွက်... လူချမ်းသာများသာနေထိုင်သော မြို့ရဲ့ မြောက်ပိုင်း နေရာ ဖြစ်သည်။  ကိုယ်ပိုင် စံအိမ် ဖြစ်လိမ့်မည်။ လစ်ဆီက လီဗာကို ပိုနင်းလိုက်သည်။ မနက်ခင်း စောစောမို့ လမ်းကြောင်းကရှင်းနေသောကြောင့် သူ့ BMW ကားလေးက မြန်မြန်လေး ပြေးနိုင်လေသည်။ 

CEO AND THE ACTRESSWhere stories live. Discover now