38

103 10 0
                                    

SKY ENTERTAINMENT ရုံးခန်းတွင်..

ဝမ်လီချန်နှင့် အထက်လူကြီးတွေ ဒါရိုက်တာတွေနှင့် စည်းဝေးနေလေသည်။ သူတို့ ရင်းနှီးမြုပ်နှံသော အချို့ရုပ်ရှင်တွေ က အရှူံးပေါ်နေသောကြောင့် အထက်လူကြီးတွေ လီချန်ကို ရဲရဲ မကြည့်ရဲကြ..

"လူကြီးမင်း ဝမ်.. ဒီနှစ်ထဲမှာ ဇတ်လမ်းတွဲတွေ ရဲ့ ဈေးကွက်က တကယ်ကို မကောင်းဘူး.. ပြီးတော့ ဇတ်လမ်းကောင်းတွေလဲ မရှိဘူး .. နဲနဲကောင်းတယ် လို့ ထင်တဲ့ ဇတ်လမ်းတွေကိုပဲ ကျွန်တော်တို့ ရင်းနှီးမြုပ်နှံရတာ.. ကျွန်တော်တို့ ထင်သလောက် BOX OFFICE မှာ ရလဒ် ကောင်းမထွက်ဘူး လို့ ကျွန်တော်တို့လဲ မထင်ဘူးလေ.. ဒါပေမဲ့ ရှေ့ရှောက် .. ပိုကောင်းအောင် ကြိုးစားပါ့မယ်.."

"နောင်.. တစ်ဘီလီယံယွမ် ထက်များတဲ့ ဘယ်ရင်းနှီးမြုပ်နှံမှုကို မဆို.. ကျွန်တော့်ကို အရင်ပြပါ.. "

ဝမ်လီချန် မျက်မှောင်ကြုတ်ပြီး အမိန့်ပေးလိုက်လေသည်။ ထိုအခိုက် စားပွဲပေါ်တင်ထားသော ဖုန်းအမဲလေး မည်လာလေသည်။ စည်းဝေးတက်နေတဲ့ သူတွေ.. ရင်ခုန်တာတောင် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ ဒီလိုအခြေအနေကြီးမှာ.. ဘယ်သူများခေါ်လိုက်ပါလိမ့်.. ပေါက်ကွဲတော့မည့် မီးတောင်ကြီးကို တွေ့လိုက်သလိုမျိုးပင်..

ဖုန်းခေါ်လာသည့်သူနာမည်ကိုကြည့်ပြီး ဆူလိုက်မလား.. ဒါမှ မဟုတ် ချလိုက်ပြီး ဖုန်း ပြစ်ထဲ့လိုက်မလား.. သူတို့ရင်ထဲ တထိတ်ထိတ်... ဒါပေမဲ့ ဘယ်သူထင်မှာလဲ.. ဝမ်လူကြီးမင်းက ဖုန်းခေါ်သည့် မျက်နှာပြင်ကို ကြည့်ပြီးသည်နှင့်.. နေရောင်ကို ထိတွေ့လိုက်သည့် နှင်းပွင့်တွေလို.. မျက်နှာ ကြည်လင်သွားလေသည့်အပြင်.. နှုတ်ခမ်းထောင့်တွေ ကွေးတက်ပြီး ပြုံးသွားသေးလေသည်။

အားလုံးက ဝမ်လီချန်ကို ကြောင်ပြီး ကြည့်လိုက်ကြသည်... ဘယ်သူက ခေါ်လာတာတဲ့လဲ... ရဲရဲတောက်နေတဲ့မီးကို တခါတည်းငြိမ်းသွားအောင် လုပ်နိုင်တာ...ဘယ်သူတဲ့လဲ..

လီချန်ဖုန်းကို ဖြေခါနီးမှ.. သူ့ကို စိုက်ကြည့်နေသည့်လူအုပ်ကြီးကို သတိပြုမိသွားသောကြောင့် မျက်လုံးမှေးလိုက်ကာ..
"ခုထိ မသွားသေးဘူးလား"

ဒါရိုက်တာတွေ အားလုံး.. လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလိုမျိုး.. စည်းဝေးခန်းကနေ အမြန် ထွက်သွားကြလေတော့သည်။ အားလုံး ထွက်သွားပြီး.. တံခါး ပတ်သွားသည့်အချိန်မှ.. လီချန် ပြုံးလိုက်ကာ စားပွဲကို တဒေါက်ဒေါက် ခေါက်လိုက်သည်။

" ဘာ ကိစ္စ... "

"ဒီနေ့ ရှင်းလဲ့ဟန် နဲ့ မိုရာကို အိမ်မှာ ထမင်းလာစားဖို့ ဖိတ်မလို့လေ.. အိမ်မှာ ချက်စရာတွေ ရှိသေးလား.. မရှိရင်.. အနားက စူပါမားကက်မှာ..သွားဝယ်လိုက်မလားလို့"

"မင်း ကားမောင်းထွက်လာတာလား"

"ဟင့်အင်း... ဒီတိုင်း လမ်းလျှောက်ထွက်တာ.. "

"ဒါဆို... ကိုယ်ပဲ ဝယ်ခဲ့တော့မယ်... ခဏနေ ကိုယ်ပြန်ရောက်ပြီ"

"ဟုတ်"
လစ်ဆီ အပြုံးလေးနှင့် ပြန်ဖြေလိုက်သည်။

လစ်ဆီ ရီသံချိုချိုလေး ကြားလိုက်သည်နှင့် တခြားတဖက်ကလဲ အသံတိတ် ရီလိုက်လေသည်။

" ပြောစရာ.. ရှိသေးလား"

"ရှိတော့ဘူး.. ဒါဆို.. ကျမ ဖုန်းချလိုက်တော့မယ်နော်"

လီချန် မျက်ခုံးတွန့်သွားသည်.. ဒီအမျိုးသမီးက သူနဲ့ ထွေရာလေးပါး မပြောချင်ဘူးလား.. ..

ဒီအပိုင်းတော့ မူရင်းမှာကို တိုတာနော်... see you tomorrow..  

CEO AND THE ACTRESSWhere stories live. Discover now