58

70 8 0
                                    

ယောကျာ်း တယောက်အတွက် အနမ်းဆိုတာ.... လုံလောက်အောင် နမ်းနိုင်မှာတဲ့လား.. တဘဝလုံး အတွက် နမ်းနေရရင်တောင် မလုံလောက်နိုင်.. 

အခုတော့ လစ်ဆီ ကို အပြစ်ပေးချင်ရုံ.. နောက်အနာဂါတ်မှာ .. တခြား အမျိုးသား လာမထိအောင်.. တခြားအမျိုးသားကိုလဲ သွားမထိအောင်.. 

ဝမ်လီချန် .. ဆက်မနမ်းအောင် ကိုယ့်ကို ထိန်းချုပ်လိုက်သည်.. မဟုတ်လျှင် သူ အခြေအနေ မကောင်းတော့.. သူဝတ်ထားသော စတိုင်ပင် က ကျပ်လာပြီး သူလဲ နဲနဲ နာလာသလိုလို.. 

"ဟုတ်ပြီ.. ထိုင်ရမဲ့ နေရာ အရင်သွားလိုက်.. မင်းကို ကိုယ် နောက်မှ လာရှာမယ်.. "

ဝမ်လီချန် လစ်ဆီကို လွတ်လိုက်ကာ.. လစ်ဆီ့ နှုတ်ခမ်းနီနီ ရဲရဲကို စိုက်ကြည့်လိုက်သည်။ နှုတ်ခမ်းက ဖူးပြီး နီနေသည့်ပုံစံမှာ.. သဘာဝ နှုတ်ခမ်းဆိုးဆေး ဆိုးထားသလိုပင်.. 

လစ်ဆီ နဲနဲ စိတ်ညစ်သွားသည်... ဒီလူ ကစားဖို့ အဆွဲခံလိုက်ရတာလား.. 

မသပ်မရပ် ဖြစ်သွားတော့ အဝတ်တွေကို ဝမ်လီချန် ပြန်ပြင်ပေးလိုက်သည်.. 

"ဒီဝတ်စုံက မင်းနဲ့ တော်တော်လိုက်တာပဲ...."

သူက လစ်ဆီကို ချီးကျုးလိုက်တာလား.. လစ်ဆီ နှလုံးသား နွေးထွေးသွားသလိုလို... လစ်ဆီ သူ့ကို မော့ကြည့်လိုက်ပြီး.. 

"ရှင် .. ဒီကို ဘာလာလုပ်တာလဲ.. ကြည့်ဖို့ပဲလား"

"ဆုပေးဖို့ ကိုယ်လာတာ.. "

လှို့ဝှက်သော အပြုံးတွေ လီချန် မျက်လုံးထဲ ဖြတ်သွားသည်.. 

လစ်ဆီ အံ့အောတကြီး သူ့ကို ကြည့်ပြီး 

"ဘာဆု ပေး ဖို့ လဲ"

"ကိုယ်လဲ မသေချာဘူး.. သူတို့တွေ အစီအစဉ်ကို ကိုယ်မသိဘူးလေ"

လီချန် လစ်ဆီ့ နှဖူးကို ငုံ့နမ်းပြီးနောက် လစ်ဆီ့ လက်ကို ဆွဲပြီးအခန်းထဲက ထွက်လာလေသည်။ အပြင်ရောက်လာတော့ ဝမ်လီချန် လက်ထောက်က အပြင်မှာ စောင့်နေလေသည်. လစ်ဆီကလဲ သူ့လက်ကို ပြန်ဆွဲယူလိုက်ပြီး.. ခန်းမဆီသို့ ဦးတည်သွားလိုက်လေသည်။ 

CEO AND THE ACTRESSHikayelerin yaşadığı yer. Şimdi keşfedin