61

68 9 0
                                    

လစ်ဆီ တခုခု ကို တွေးမိသွားပြီး အန်နီဖက် လှည့်ကာ မေးလိုက်သည်.. 

"နောက်ဆုံး ရိုက်ဖို့လုပ်ထားတဲ့ ရုပ်ရှင် မှာ ခေါင်းဆောင် မင်းသမီး ဖြစ်ဖို့..  ဘယ်သူက ကျမကို ထောက်ခံပေးတာလဲ"

"ဘာလို့လဲ"

"ကျမက ဒါရိုက်တာကို တောင် မတွေ့ရသေးဘူး.. ကျမကို ခေါင်းဆောင်မင်းသမီး အဖြစ်ရွေးတယ်.. တခုခု မှားနေပြီလို့ မထင်ဘူးလား"

လစ်ဆီ ဘာပြောချင်လဲ ဆိုတာ အန်နီ သိပေမဲ့.. မသိချင်ယောင်ဆောင်လိုက်ကာ. 

"အဲ့ချိန်တုန်းက ဒါရိုက်တာက အလုပ်များနေတာလေ"

"ဟွန့်.... ဘယ်သူက ခေါင်းဆောင်မင်းသမီး အဖြစ်ပေးလဲ ဆိုတာ သိပါပြီ.. နက်ဖြန် အဲ့ ဒါရိုက်တာ ဆီသွားပြီး .. ကျမ နှုတ်ထွက်တဲ့ အကြောင်း ပြောပေးပါ.. ဘာပဲ ဖြစ်ဖြစ် စာချုပ်မှ မချုပ်ရသေးတာ"

"လစ်ဆီ .. ဘယ်လိုပဲ ဒေါသထွက်ထွက်.. ကိုယ့်.. အနာဂါတ် ကိုတော့ မဖျက်ဆီးရဘူးလေ.. "

လစ်ဆီ မျက်လုံးမှိတ်ပြီး မှီချလိုက်ကာ အသံတိုးတိုးနှင့် ပြောလိုက်သည်.. 

"ကျမ ပင်ပန်းနေပြီ.. တနှစ်လောက် ဘာမှ မရိုက်ပဲ အနားယူတော့မယ်"

"ဟုတ်ပါပြီ.. ရှင်က ငွေပေါနေတယ် ဆိုတော့လဲ နေပေါ့.. အတင်းအကျပ်မှ လုပ်လို့မရပဲ.. ဒါပေမဲ့.. ဒီကိစ္စ ကိုတော့ ကောင်းကောင်းဆွေးနွေးရမယ်.. ဒီနေ့ မင်းက ပင်ပန်းနေပြီဆိုတော့.. အိမ်ပြန်ပြီး ကောင်းကောင်းနေတော့.. "

အန်နီမှာ လစ်ဆီ ကို ဘာပြောရမှန်းမသိတော့.. လစ်ဆီ ဒေါသထွက်အောင် လဲ မလုပ်ရဲ.. 

လစ်ဆီ အိမ်ပြန်ရောက်တော့.. ည ရှစ်နာရီခွဲသာ ရှိသေးသည်.. ဘာမှလဲ စားချင်စိတ်မရှိ.. အန်နီ နှင့် မရီရာကို သာ အိမ်ပြန်ခိုင်းလိုက်တော့သည်.. လစ်ဆီ ဆိုဖာပေါ်မှာ ထိုင်ပြီး မိုရာကို ဖုန်းခေါ်လိုက်သည်.. 

"ဟလို.. လစ်ဆီ.. ဘာကိစ္စ"

"မိုရာ.. ဝမ်လီချန် ဘယ်သူလဲ ဆိုတာ.. နင့်ကို မေးခိုင်းဖူးတယ်မလား... ခုတော့ မလိုတော့ဘူး သိလား.. သူဘာလဲ ဆိုတာ သိသွားပြီ" 

CEO AND THE ACTRESSWhere stories live. Discover now