70

82 8 2
                                    

ဝမ်လီချန် က ဘယ်လိုနည်းလမ်းတွေသုံးပြီး .. သူ့အဖေကို သဘောတူအောင်လုပ်မလဲ ဆိုတာ လစ်ဆီ မသိပေမဲ့.. စိတ်တော့ပူမိသည်လေ.. အဖေသဘောတူဖို့ ဆိုတာ မလွယ်လှပေ.. ခုဆို အနုပညာလောကအကြောင်း လစ်ဆီ လုံးဝ မပြောရဲ... ဖေဖေ ကတော့ ပြောလေ အဆိုးမြင်လေ.. ခုတော့ လစ်ဆီ ဖေဖေ သဘောအတိုင်းသာ နေလေသည်.. စောစောအိပ် စောစောထ မနက် ဖေဖေ နှင့် လေ့ကျင့်ခန်း သွားလုပ်.. 

လစ်ဆီ ခုရက်ပိုင်း လိမ္မာနေတော့ စု ဖေဖေ သဘောထား နဲနဲ ပျော့ပြောင်းလာသည်.. မျက်နှာတည်တည်တင်းတင်းကြီး ဖြစ်မနေတော့.. တကယ်ဆိုရင်.. စုဖေဖေ က သူ့သမီးငယ်ကို အတော်လေး ချစ်လေသည်.. အနုပညာ လောက  ကလွဲပြီး တော်တော်လေး အလိုလိုက်သည့်ဖေဖေ ပါ

"ကြည့် ရှင့်သမီး ခုရက်ပိုင်း ဘယ်လောက်လိမ္မာလဲ"

စုမေမေ က လစ်ဆီ ဖက်ကနေ ပြောပေးနေလေသည်.. 

"သူ တကယ် လိမ္မာရင် ကောင်းတာပေါ့.. ငါက သူ သရုပ်ဆောင်နေမှာပဲ စိုးတာ"

စုဖေဖေက တော့ လစ်ဆီ ကို အယုံကြီး မဟုတ်သေး.. .. လစ်ဆီက အထင်လွဲခံလိုက်ရသည့် မျက်နှာပေးဖြင့်.. 

"ဖေဖေ ... ကလဲ.. ဒါဆို သမီး ဘာလုပ်ရမှာလဲ.. သမီး ဘာအလုပ်မှ မလုပ်တော့ပဲ ဒီတိုင်းအိမ်မှာပဲ နေရမှာလား.. သမီး အသုံးမကျ မဖြစ်သွားဘူးလား ဖေဖေရဲ့"

"စိတ်မပူနဲ့.. ဖေဖေ သမီး ကို အလုပ်ဝင်ဖို့ ပြောထားပြီ.. အလုပ်ဝင်ဖို့ အစိုးရ စာမေးပွဲ သွားဖြေလိုက်.. စာမေးပွဲအောင်တာနဲ့.. ဖေဖေ့ အဆက်အသွယ်နဲ့ အလုပ်ကောင်းတဲ့နေရာ ရှာပေးမယ်"

လစ်ဆီ တယောက် မျက်လုံးပြူးသွားရပြီ.. သူ ချက်ချင်းခေါင်းခါလိုက်ပြီး

"ဟင့်အင်း .. မဖြေဘူး.. ဖေဖေ ပဲ မျက်နာပျက်မှာ.. သမီးမှ မတော်တာကို.. "

စုဖေဖေ ဒေါသထွက်ပြီး မျက်နှာမဲလာသည်.. 

"ဖြေတောင်မဖြေရသေးဘူး.. ဘာလို့ မရဘူး လို့ ပြောရတာလဲ"

"ဖေဖေ .. လူအရမ်းများတဲ့နေရာ သမီးသွားလို့မရဘူး.. မဟုတ်ရင် ရှုတ်ယှက်ခတ်သွားလိမ့်မယ်"

စုဖေဖေက ဟွန့်ခနဲ့ နှာမှုတ်လိုက်ပြီး

"နင်က အဲ့လောက်တောင် နာမည်ကြီးတာလား"

CEO AND THE ACTRESSWhere stories live. Discover now