34

113 10 2
                                    

"ကျွန်တော် ကြားတာက မင်း ရှိုးတခုမှာ ပါမလို့ဆို.. အဲ့ဒါက အစစ်တော့ မဟုတ်ဘူးမလား.. ဒီတိုင်း ဇတ်ညွန်းအတိုင်း သွားမှာပဲမလား"

လျိုဖေးက စိတ်ပူပန်စွာမေးလိုက်လေသည်.. ( ဘာရှိုးလဲ မှတ်မိသေးလားဟင်.. အဆက်အရမ်းပြတ်သွားတော့ မေ့လောက်ပြီထင်တယ်)

လစ်ဆီက ခေါင်းငြိမ့်လိုက်ပြီး..

"ဟုတ်တယ်"

"တော်သေးတာပေါ့ဗျာ.. "

လျိုဖေးက ရီ‌မောကာ ပြောလိုက်သည်။ နေရောင်အောက်မှာ သူ့ အဆီပြန်နေသည့်မျက်နှာက အထင်းသား. 

"ဘာလို့ တော်သေးတာလဲ .. " လစ်ဆီ သူ့ဖက်လှည့်ပြီး မေးလိုက်လေသည်။

"မင်း မသိဘူးလား.. ကျွန်တော် ဒီနေ့ ဒီကို လာတာက မင်းနဲ့ ချိန်းတွေ့ဖို့ပါ"

လျိုဖေး မျက်နှာက ရှက်ရဲရဲ..

လစ်ဆီမှာ မျက်လုံး ပြူးသွားပြီး

"ဘာ .. ချိန်းတွေ့ဖို့ လာခဲ့တာ??"

"မင်းဖေဖေ က မင်းကို မပြောထားဘူးလား.. သူတို့က ကျွန်တော့ကို သဘောကျနေတာ"

လစ်ဆီမှာ နှုတ်ခမ်းကို ကိုက်ရင်း စိတ်ရှုပ်သွားလေသည်။ ဖေဖေ သူ့ကို အိမ်ပြန်ခေါ်တဲ့ အကြောင်းရင်း က ဒါလား.. ချိန်းတွေ့ဖို့.. ဟုတ်လား.. ပြီးတော့ ဒီ အရှေ့မှာ ရပ်နေတဲ့ လျိုဖေး နဲ့ တဲ့လား.."

" ကျမ စိတ်မကောင်းပါဘူး .. ရှင် တခုခု မှားနေပြီထင်တယ်.. ချိန်းတွေ့ဖို့ ဖေဖေ ခေါ်ခဲ့တာ မဟုတ်ပါဘူး "

 ပြောပြီးသည်နှင့် လစ်ဆီ အိမ်ထဲ ဖက် သွားဖို့ ခြေလှမ်းလိုက်လေသည်။

"တကယ်ပဲ ချိန်းတွေ့ဖို့ ပြောထားတာပါ.. ကျွန်တော် မင်းကို တကယ် သဘောကျတာ.. ကျွန်တော်တို့ ဘာလို့ မတွဲကြည့်တာလဲ"
 နောက်ကနေ လျိုဖေးက ခပ်သွက်သွက်လိုက်လာရင်း မေးလိုက်လေသည်။

လစ်ဆီခြေလှမ်းကတော့ မြန်လွန်းနေသည်။ သူ အိမ်ထဲရောက်တော့ ဖေဖေ နှင့် လျိုလူကြီးမင်းတို့ ရီမောပြောနေတာ တွေ့လိုက်လေသည်. လစ်ဆီ ဖေဖေကို တချက်ကြည့်လိုက်ပြီးနောက် အပေါ်ထပ်တက်ဖို့ ခြေလှမ်းပြင်လိုက်လေသည်။

CEO AND THE ACTRESSWhere stories live. Discover now