💛 Players ( Part - 1 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫"ဖေဖေ မရာ သူ့လိုဟာလိုချင်တယ်"
ဖေဖေ့ပုဆိုးစကိုဆွဲပြီး လက်ညှိုးလေးထိုးကာ သူမ ပူဆာတော့ ဖေဖေကငုံ့ကြည့်ပြီး သူမလက်ညှိုးထိုးရာဆီလှမ်းကြည့်သည်။
ငှက်ပုံစံလုပ်ထားသည့်မိုးပျံပူဖောင်းလေးဟာ အဝါရောင်လေးမို့ ကြွကြွရွရွလေးလှနေပေမယ့် ကြိုးစကတော့ ခရာ့လက်ထဲမှာဖြစ်သည်။"စောစောက မိုးပျံပူဖောင်းသည်လာတာ မဝယ်လိုက်ဘူးလား သမီးရဲ့"
"မဝယ်လိုက်မိဘူးလေ လုပ်ပါဖေဖေရဲ့ ဒါနဲ့ ခရာက သမီးထက်သာသွားတော့မယ်"
ခရာ နဲ့ မရာ။
ဆင်တူယိုးမှားနာမည်လေးတွေဖြစ်ပေမယ့် သူမတို့က တခြားစီဖြစ်သည်။
နာမည်ဆင်ပေမယ့် လူတွေကတော့ နည်းနည်းလေးတောင်မှ ဆင်တူယိုးမှားဖြစ်ခဲ့တာမျိုးမရှိခဲ့။"ခရာရေ သမီးလေး သမီးအစ်မကို ပူဖောင်းခဏပေးကိုင်လိုက်ပါဦး"
မရာ့ရဲ့ဂျီကျသံကြောင့် ခရာ့ဖေဖေ လေးလေးမင်းထက်က ခရာ့ကိုလှမ်းပြောတော့ ပူဖောင်းကြိုးစကိုကိုင်ကာ ပြေးလွှားကစားနေရင်း ခရာ့မျက်နှာစူပုတ်သွားသည်။
သူမ သိသားပဲ။
ခရာက သူ့ပူဖောင်းကို ဘယ်ပေးချင်လိမ့်မလဲ။"ရော့"
ဆောင့်ဆောင့်အောင်အောင့် ပူဖောင်းလေးလာပေးတော့ လိုချင်တာရသွားသည့်သူမသည် အောင်နိုင်သူလို မျက်နှာကိုမော့ချီထားလိုက်သည်။
သို့သော် ခရာ့နောက်ဆက်တွဲစကားကြောင့် လိုချင်တာမှန်သမျှရခဲ့သော သူမကိုစိတ်ဆိုးသွားစေခဲ့သည်။"နင့်ကိုခဏပဲပေးတာနော် နန်းသွေးအမရာ ခဏနေရင် ငါ့ကိုပြန်ပေး"
"မပေးတော့ နင်ဘာလုပ်မလဲ"
သူမသည် ဘေးနားက kiss me quickပင်နဲ့ပူဖောင်းလေးကိုထိုးပစ်လိုက်တော့ ဖောင်းခနဲအသံနဲ့အတူ ပူဖောင်းလေးက တစ်စစီဖြစ်သွားသည်။
နှမျောတသဖြစ်သွားဟန်ဖြင့် ဟီးခနဲငိုချလိုက်သည့်ခရာ့ကြောင့် သူမ ကျေနပ်သွားရပြီး နောက်ပြန်လှည့်လိုက်စဥ်မှာပဲ..."မြေခွေးမ"
သူမဆံပင်တွေကို ခရာဆောင့်ဆွဲပစ်၍ အုတ်ခင်းလမ်းလေးပေါ် ပက်လက်ကလေးဖြစ်သွားစဥ်မှာ ဖေဖေက အုပ်အော်သောင်းနင်းအသံတွေနှင့်အတူ ပြေးလာကြ၏။
ခရာသည် ဘယ်တုန်းကမှန်းခေါင်းငုံ့မခံတတ်မှန်း မရာ သတိရဖို့ကောင်းပါသည်။
YOU ARE READING
Players
Romance"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချစ်ပေးမယ် မင်းငါ့ဘဝထဲဝင်ရဲပြီဆိုတာနဲ့ ဒီလူကမင်းရဲ့အပိုင်ပဲ" "လိုတရမီးခွက်စောင့်ကြီးတော့မဟုတ်ပေမယ့် ဒီ...