7

2.1K 78 6
                                    

💛 Players ( Part - 7 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဘယ်လိုလဲ"

ဒီနေ့လည်း သူငယ်ချင်းတွေနဲ့ဆုံဖို့စောင့်နေတုန်း မရာ့ဆီကmail ဝင်လာတော့ Laptopကိုတစ်ချက်ငုံ့ကြည့်ပြီး ခရာပြုံးရုံလေးပြုံးမိသည်။
မရာဟာ သူမအပေါ်အနိုင်လိုချင်နေဆဲ...
သူမ,စိတ်ကြိုက်ရွေးထားသည့် ဒီလူအပေါ် ဒီလိုစမ်းသပ်ခိုင်းသည်က 'ငါ့လူလိုလူမျိုး နင်ရနိုင်မလား'ဆိုသည့် အနိုင်ရလိုသည့် ကြွားဝါမှုတစ်ခုသပ်သပ်သာ ဖြစ်သည်။

"It's just the beginning"
(အစပဲရှိသေးတယ်)

ခရာစာပြန်ပို့လိုက်တော့ onlineဖြစ်နေသည့်မရာက ချက်ချင်း video callခေါ်လာ၍ ကိုင်လိုက်သည်။
မရာသည် ကျောင်းဝင်းထဲမှာဖြစ်ပြီး စာကြည့်မျက်မှန်လေးတပ်ထားတာ ဆံပင်တွေကို ဒီအတိုင်းချထား၍ ကျောင်းသူလေးတစ်ယောက်လို လှနေသည်။
တစ်ခါတစ်လေ ခရာသည် မရာ့ကိုမယှဥ်ပြိုင်နိုင်ဟု တွေးထင်မိသည်က လှရက်လွန်းသော မရာ့ရဲ့မျက်နှာလှလှလေးကြောင့်ဖြစ်သည်။
ခရာကတော့ ကြည့်ကောင်းရုံရုပ်ရည်မျိုးသာ ရှိတာမို့…

"နင် ခုချိန်နောက်ဆုတ်လို့ရသေးတယ်နော် ခရာ"

"ဆုတောင်းလေ လောင်းကြေးကအကြီးကြီးကို
Why should I give up?(ဘာလို့အရှုံးပေးရမှာလဲ)"

"အရှုံးမပေးလည်း နင့်သဘောပါပဲ စေတနာနဲ့ပြောပြတာ နင်ရှုံးရင်တော့ ငါဘာမှမတောင်းဆိုပါဘူး"

"အဲ့ဒါကနင့်အပိုင်းလေ မရာရယ် နင်ရှုံးရင်တော့ ငါကျောင်းတက်ဖို့ကိစ္စ ဖေကြီးဆီမှာ ရအောင်တောင်းဆိုပေးရမယ် Harvardမှာကျောင်းတက်ဖို့ ငါဘယ်လောက်စိတ်ကူးယဥ်ခဲ့ရလဲ သိတယ်မလား"

"သိပါတယ် နင်နိုင်ရင်တော့ Harvardက နင့်ကိုကြိုဆိုနေမှာ အဲ့ဒါကိုတော့ငါအာမခံတယ်"

ဖေကြီးက ခရာ့ရဲ့စိတ်ဆန္ဒကိုသဘောမကျဘဲ Harvardမှာကျောင်းတက်ဖို့ စကားစလာတိုင်း လုံးဝယတိပြတ်ငြင်းဆန်တတ်သည်။
ခရာကလည်း ထိုမှာပဲကျောင်းတက်ပြီး ထိုနေရာမှာပဲ အခြေချဖို့စိတ်ကူးနေမိသည်ကို ဖေကြီးရိပ်မိနေပုံရ၏။

"မသွားရဘူး ကျောင်းတက်ရုံပဲဆိုပြီး လွှတ်လိုက်မိရင် ဘယ်လိုမှခေါ်ရမှာမဟုတ်ဘူး သမီးအကြောင်းကို ဖေကြီးမသိဘဲနေမလား"

PlayersWhere stories live. Discover now