20

2.8K 194 13
                                    

💛 Players ( Part - 20 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်းသိသွားပြီဆို တန်ခိုး ဒီလောက်မြန်မြန်သိသွားလိမ့်မယ်လို့တောင် မထင်ထားဘူး"

"မမိုက်လိုက်တာ အစ်ကိုရာ ကျွန်တော်လာတွေ့ကတည်းကပြောလိုက်ရင် ဘာဖြစ်မှာမို့လဲ"

"ဒါဆို ကစားပွဲက ဘယ်မိုက်တော့မလဲ မင်းတို့ရဲ့လေးပွင့်ဆိုင်ဇာတ်လမ်းက အတော်စိတ်ဝင်စားဖို့ကောင်းနေတာကိုး"

"ကိုယ့်ဘာသာ လက်နက်အရောင်းအဝယ်လုပ်ပြီး အေးအေးဆေးဆေးနေပါတော့လား ဘာလို့ကျွန်တော့်ကိစ္စကို စိတ်ဝင်စားနေတာလဲ"

"ဝင်စားဆို မင်းကညံ့တာကိုး ကိုယ့်သူငယ်ချင်းနဲ့ ကိုယ့်ကောင်မလေးငြိသွားတဲ့အထိ စောက်သုံးမကျတာ"

"စကားကိုကပ်မပြောစမ်းပါနဲ့ဗျာ ကျွန်တော် တော်တဲ့နေရာရှိပါတယ် အင်ဂျင်နီယာနယ်ပယ်ကို အစ်ကိုကျွမ်းကျင်လို့လား"

"မင်းလိုပြောရရင် ငါ့Leoponကိုရော မင်းအုပ်ချုပ်နိုင်လို့လား ငါက ၁၇နှစ်နဲ့အုပ်ချုပ်ခဲ့တဲ့ကောင်ကွ ပြီးတော့ နောက်တစ်ခုက ငါဆိုတဲ့ကောင်က ဘယ်သူ့အကွက်ထဲမှာမှ နောက်ကောက်ကျ ကျန်မနေခဲ့ဘူး"

အစ်ကိုက အနိုင်ပိုင်းသွားပြီး တဟားဟားအော်ရယ်နေသောကြောင့် သူ နည်းနည်းချဥ်သွားပြီး နှာခေါင်းရှုံ့ပစ်လိုက်မိသည်။
အစ်ကိုပြောလည်း ပြောချင်စရာမို့ သူဘာမှပြန်မပြောနိုင်ဘဲ တကယ်လည်း အစ်ကိုဟာ အပြောကြီးပေမယ့် ပြောသလောက်တော်ခဲ့တဲ့လူ...

သူ 10နှစ်သားလောက်ကတည်းက အိမ်ကထွက်သွားပြီး ပြန်လည်းမလာတော့ဘဲ ကိုယ်ပိုင်ဘဝကိုတည်ထောင်ခဲ့သူမို့ ထက်ဘုန်းလျှံဟာ သူ့အစ်ကိုမှန်းသိသူအလွန်နည်း၏။
တချို့သူတွေက ဖြစ်ခဲ့သောပြဿနာကြီးအတွင်း အစ်ကိုသေပြီဟု ထင်ခဲ့ကြသည်အထိ အစ်ကိုက သွေးအေးစွာဖြင့် မိသားစုကိုကျောပေးခဲ့သည်။
သူ မြေပြန့်ကိုရောက်လာမှ အစ်ကိုကလာရှာပြီး သူလိုအပ်သမျှအကုန်ပေးခဲ့ကာ သူ့အရိပ်၊ သူ့အမိုးတစ်ခုအဖြစ်ကာကွယ်ပေးခဲ့သူ…

"မင်း ဘာဆက်လုပ်မလဲ တန်ခိုး"

"ဘာလုပ်ရမှာလဲ ဒီလောက်လွယ်နေတဲ့ကိစ္စကို ဆက်ကစားမှာပေါ့ တန်ခိုးဆိုတဲ့ကောင်ကို ငနုံလေးမှတ်ပြီး လှည့်စားချင်ကြတာ အလှည့်စားခံလိုက်ပါ့မယ်"

PlayersWhere stories live. Discover now