21

3.5K 204 13
                                    

💛 Players ( Part - 21 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"ဒီနယ်မြေမှာတော့ Glockတွေပဲအရောင်းအဝယ် အဖြစ်များတယ် အစ်ကိုလေး.. အများစုကတော့ စစ်ဘက်ကပဲဝယ်ဖြစ်တာ စစ်ဘက်ကအကြီးအကဲတွေပါလာရင်တော့ အစ်ကိုကြီးက အစ္စရေးကနေတိုက်ရိုက်ယူပါတယ်"

"ရုရှားကရော"

"ရုရှားကလည်း ဝယ်ဖြစ်ပါတယ် ဒါပေမယ့်ရုရှားထုတ်နဲ့ အစ္စရေးထုတ်က နည်းနည်းကွာပါသေးတယ် ရလွယ်တာကတော့ အစ္စရေးဘက်က ပိုလွယ်တာပါ"

"Aww"

"ဒါကတော့ လက်နက်ပို့တဲ့ Leoponရဲ့ အဝင်အထွက်လမ်းကြောင်းတွေပါ လမ်းကြောတွေကလည်း Leoponဆိုတာနဲ့ လမ်းရှင်းထားပြီးသားပါ အဲ့ဒီအတွက် အထက်အရာရှိတွေကို တစ်လတစ်ခါ လိုင်းကြေးသဘောနဲ့ပေးရပါတယ်"

"ငွေဆိုအများကြီးပေးရမှာပေါ့ ဘာနဲ့ရှင်းလဲ"

"စိန်နဲ့ပါ"

သူ တကယ်ကိုနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်မိကာ ထိုင်ခုံမှာမှီထိုင်လိုက်ပြီး မြေပုံကိုZoomဆွဲကြည့်လိုက်သည်။
ရှမ်းပြည်ကနေ နေပြည်တော်အထိဆို အတော်လေးရှည်လျားသောလမ်းကြောင်းဖြစ်ကာ လမ်းမှာလည်း အစစ်အဆေးတွေ ဘယ်လောက်တောင်များလိုက်မလဲ…

အစ်ကိုဟာ သူ့လူတွေရဲ့လုံခြုံရေးကို အတော်လေးဂရုစိုက်သူဖြစ်ကာ Leoponရဲ့လမ်းကြောင်းတိုင်းအတွက် အထက်အရာရှိတွေကို စိန်နဲ့လာဘ်ထိုးထားသတဲ့…
ငွေပမာဏအများကြီးထုတ်စရာမလိုသလို တစ်ပွင့်နှစ်ပွင့်ဖြင့် ပြီးသွားမည့်အနေအထားမို့ အိပ်ကပ်ထဲထည့်သွားရုံသာရှိကာ သယ်ပိုးရတာလည်းလွယ်ကူသည်။

"စိန်နဲ့ဆို ငွေအဝင်အထွက်လမ်းကြောင်းကို ဘယ်သူမှခြေရာခံလို့မရတော့ဘူးပဲ"

"ဟုတ်တယ် အစ်ကိုလေး.. အကယ်၍လာဘ်ပေးလာဘ်ယူကိစ္စ ပေါ်ပေါက်ခဲ့ရင်တောင် သက်သေမရှိပါဘူး အစ်ကိုကြီးက သေသေချာချာစီမံထားတာပါ"

"စိန်တွေကရော ဘယ်ကယူတာလဲ"

"မလေးနဲ့Singaporeကပါ တစ်ခါတစ်လေ အာဖရိကဘက်ကယူပါတယ် အားလုံးမှောင်ခိုပစ္စည်းတွေချည်းပါပဲ အစ်ကိုလေးသာ တာဝန်ယူမယ်ဆိုရင် မြေပြန့်ဒေသရဲ့Leoponနယ်မြေတွေကို စီမံရမှာပါ
မြေပြန့်ဒေသက ရှမ်းပြည်လောက်တော့မရှုပ်ပါဘူး အစ်ကိုကြီးအစားအုပ်ချုပ်ပေးရုံပါပဲ အစ်ကိုလေး အင်ဂျင်နီယာလုပ်ချင်ရင် လုပ်လို့ရပါတယ်"

PlayersWhere stories live. Discover now