6

2.5K 117 4
                                    

💛 Players ( Part - 6 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

⏳ ၃လခန့်ကြာပြီးနောက် ⏳

သူ စည်းနှင့်ချိန်းထားသောကြောင့် ဒီနေရာကိုရောက်နေခြင်းဖြစ်ကာ သူတို့နှစ်ယောက်ထိုင်နေကျ ရွှေတောင်တန်း Restaurantက အမြဲလိုလိုလူစည်နေ၏။
ခါတိုင်းလို outsideမှာပဲနေရာယူလိုက်ကာ သက်ငယ်မိုးထားသည့် ကပြင်လေးပေါ်မြက်ဖြာလေးတစ်ချပ်ဖြင့် စားပွဲတစ်လုံးသာရှိပြီး ဆိုင်ထဲမှာထက်လွတ်လွတ်လပ်လပ်ထိုင်လို့ရသည်။

မြေပြင်ပေါ်မှာခင်းထားသည့်ဝိုင်းတွေကိုလည်း မထိုင်ချင်တာမို့ သီးသန့်ဆန်သော ဒီနေရာလေးကသာ လူရှုပ်တာမကြိုက်သော သူ့အတွက်အသင့်တော်ဆုံး။
ဘီယာတစ်ခွက်သာ မှာထားလိုက်ပြီး စည်းမရောက်သေးတာမို့ သူ ခဏစောင့်နေစဥ်...

"ရှင်ရောက်နေတာကြာပြီလား"

အသံသြရှရှချိုချိုလေးဖြင့် မိန်းကလေးတစ်ယောက်သည် သူ့ကိုပြုံးပြနှုတ်ဆက်ကာ သူ့ရှေ့မှာဝင်ထိုင်လာသည်။
သူမကပိုက်ဆံအိတ်ကို ဖျာလေးပေါ်ချ၍ ဖုန်းကိုတော့စားပွဲပေါ်ချလိုက်ပြီး သူ့ရှေ့ကဘီယာခွက်ကို ဆွဲယူသောက်ကာ သူ့ရှေ့မှာပဲဂွပ်ခနဲမြည်အောင် ပြန်ချပေးသည်။

"ရှင်က ထင်ထားတာထက်တောင် အသက်ကြီးနေတာပဲ"

သူ့ကိုခပ်စူးစူးကြည့်ကာ ပြောလာသည့် ဘယ်သူဘယ်ဝါမှန်းမသိသော ထိုမိန်းကလေးရဲ့ ရဲတင်းပုံက လက်လန်လွန်းလှသည်။
သူ ပါးစပ်အဟောင်းသားဖြင့် ဘာမှပြန်မပြောနိုင်ဘဲ ကောင်မလေးကိုပဲ ကြည့်နေမိကာ လူမှားနေကြောင်းပြောလိုက်ရင် သူမ ရှက်သွားမလား။

သူမက Vပုံစံလည်ပင်းရှိသော လက်ပြတ်ဂါဝန်အနက်ရောင်လေးဖြင့် ခါးမှာရွှေရောင်သံကြိုးလေးတစ်ချောင်းကို ခါးပတ်လိုချည်ထားသည်။
ချောကလက်ရင့်ရောင်လက်နေသည့်ဆံပင်တွေက ပခုံးပေါ်မှာမထိတထိလေးမို့ သူမဟာ ပိုပြီးနုငယ်နေဟန်ရှိကာ ချစ်စဖွယ်အတိ။
ပုံစံလေးကတော့ သန့်ပြန့်နေပေမယ့် ယောကျာ်းလေးတစ်ယောက်ရှေ့က ဘီယာခွက်ကို ယူသောက်ရဲသည့်စရိုက်ကတော့ မနှစ်မြို့စရာ။

"ဘာလဲ ရှင် မိန်းကလေးဘီယာသောက်တာကို မမြင်ဖူးလို့လား"

"မဟုတ်ပါဘူး မင်းက"

PlayersWhere stories live. Discover now