15

2.3K 143 6
                                    

💛 Players ( Part - 15 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"စာတမ်းရေးဖို့လိုတယ်ဆို ဘာတွေရေးရမှာလဲ"

"စာတမ်းပဲလေဟာ ငါတို့ကInternational Lawဆိုတော့ နိုင်ငံတကာက ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့ ဘယ်လိုဖြစ်ရပ်မျိုးကိုမဆို Factကျကျရေးလို့ရတယ်"

"ဘယ်လိုဟာတွေတုန်း"

မိုးစက်မေးခွန်းကြောင့် ခရာမျက်ခုံးလေးရှုံ့သွားပြီး ဥပဒေကျမ်းတွေတင်ထားသည့် စာအုပ်စင်ကို တစ်ချက်ပြန်ကြည့်မိသည်။
မိုးစက်က မှုခင်းဆိုင်ရာရဲမှူးတစ်ယောက်ဖြစ်ကာ မိုးစက်ရဲ့အဖေကလည်း တရားလွှတ်တော်ရှေ့နေမို့ မိုးစက်တို့အိမ်မှာ ဥပဒေဆိုင်ရာစာအုပ်တွေအများကြီးရှိသည်။
စာတမ်းတင်ရမည့်အကြောင်းကိုလည်း ခရာအခုမှစကားစပ်မိ၍ ဥပဒေစာအုပ်တွေရှိသော မိုးစက်တို့အိမ်ကိုလိုက်လာခြင်းဖြစ်သည်။

"စစ်ရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးနဲ့ ဖြေရှင်းတဲ့အရာမျိုးကွာ ဒါမှမဟုတ် နိုင်ငံတစ်ခုမှာချမှတ်ထားတဲ့ ဥပဒေတွေအကြောင်းဖြစ်ဖြစ်ပေါ့ ဒါပေမယ့် နိုင်ငံတစ်ခုရဲ့ဥပဒေတွေက များလည်းများသလို ခက်လည်းခက်တယ်ဟ မြန်မာနိုင်ငံဆို 1960ဝန်းကျင်က ဥပဒေတစ်ခုရှိခဲ့တယ် 2008မှာတစ်ခုရှိတယ်မလား"

"Omm အဲ့ဒါဆို ဦးသန့်အရေးအခင်းရော သူလည်း ကျူးဘားကိစ္စမှာ အမေရိကန်တွေနဲ့ ငြိမ်းချမ်းရေးယူပေးခဲ့တာပဲ"

"အဲ့ဒါကငါရေးခဲ့ပြီးပြီ NUSရဲ့ ခြောက်နှစ်တာပညာသင်နှစ်မှာ စာတမ်းပေါင်းစုံတင်ခဲ့တာ ဂျာမနီနိုင်ငံပြန်လည်ပေါင်းစည်းခြင်းရော၊ အရှေ့တောင်အာရှဗီယက်နမ်စစ်ပွဲရော၊ ကိုရီးယားကျွန်းဆွယ်အကြောင်းရော.. ငါလိုချင်တာက အဲ့ဒါတွေထက်ပိုပြီးအသေးစိပ်ကျမယ့်စာတမ်းမျိုး.. အဲ့ဒါကြောင့် ငါတိုင်ပတ်နေတာပေါ့ မိုးစက်ရယ်"

"နင်ကိုက လွယ်တာကိုခက်အောင်လုပ်နေတာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်တွေ အများကြီးပါ သူတို့ကဘယ်အရေးအခင်းတွေကို ဖြေရှင်းခဲ့လို့ ဆုရခဲ့တာလဲ အဲ့ဒီအရေးအခင်းတွေကို.."

"မဟုတ်ဘူး ငါလိုချင်တာက Masterpieceကွာ.. အဲ့ဒီစာတမ်းကိုနားထောင်မိသူတိုင်း တသသဖြစ်သွားစေမယ့်စာတမ်း"

PlayersWhere stories live. Discover now