4

3K 130 9
                                    

💛 Players ( Part - 4 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

၆နှစ်နီးပါးဝေးကွာနေခဲ့သော ခရာတစ်ယောက် ဒီနေ့ပြန်ရောက်လာမည်ဟု ကြားထားသဖြင့် သွေးဘယ်မှမသွားဘဲ အိမ်မှာပဲစောင့်နေမိသည်။
Video callမှာသာ အမြဲတွေ့ရသည့်ခရာသည် အပြင်မှာ ဘယ်လိုတွေများပြောင်းလဲနေပြီလဲ။
ဘာတွေများတတ်မြောက်နေပြီလဲ။

တီ!! တီ!!

အိမ်ရှေ့ကကားသံကြောင့် သွေးစိတ်လှုပ်ရှားသွားပြီး အိမ်ရှေ့ကိုပြေးသွားလိုက်တော့ ခရာ့ကိုအကြိုလွှတ်လိုက်သောကားမို့ ကားနားအထိ ပြေးဆင်းလာခဲ့သည်။
ကားအနောက်ခန်းတံခါးပွင့်လာကာ အရင်ဆုံးထွက်ကျလာသည်က ပုလဲရောင်လက်နေသော ဆဲလ်ဟီးဒေါက်ဖိနပ်တစ်ဖက်နှင့်အတူ ဖြူဖွေးနုနယ်သော ခြေထောက်ကလေးတစ်ဖက်။
ထို့နောက်မှာတော့...

"မရာ"

နူးညံ့တိုးတိတ်သော လေသံလေးက တုန်ခါလျက်ဖြင့် ကားပေါ်ကဆင်းလာသော သူမရဲ့ခရာ။

"နင် အရမ်းလှလာတယ် ချီးထုတ်မ"

သွေး သူမကိုပြေးဖက်လိုက်ရင်း တရင်းတနှီးနှုတ်ဆက်လိုက်သည့်အခါ ခရာကလည်းပြန်လည်ပွေ့ဖက်ရင်းနှုတ်ဆက်သည်။
ဂုတ်ဝဲဝဲဆံပင်လေးကြောင့် ဖြူဖွေးနုညက်နေသော မျက်နှာနှင့်လည်တိုင်လေးက အထင်းသား။
လေးလေးမင်းထက်နှင့်တူသော မျက်ခုံးထူထူနှင့် စူးလက်နေသောခရာ့မျက်လုံးလေးတွေက အလှဆုံးဖြစ်ကာ ခရာ သိပ်လှလာတာပါလား။

"နင်လည်း တအားတွေလှနေတယ် ရုတ်တရက်ဆိုမမှတ်မိဘူး မရာ"

"တော်ပါ နင့်အတွက်ငါဟင်းချက်ထားတယ် သိလား"

"ချက်တတ်နေပြီလား စားရသေးတာပေါ့ Hi!! ပါပါး"

ခရာက ဖေဖေ့ကိုတွေ့လိုက်သည်နှင့် ငယ်ငယ်ကလို အားရပါးရပြေးဖက်ကာ ဖေဖေ့လည်ပင်းကိုဖက်ပြီးခိုစီးလိုက်သေး၏။
ဖေဖေကတော့ ခရာ့အပြုအမူကိုသဘောကျပြီး တဟားဟားအော်ရယ်ကာ ခရာ့ပခုံးလေးကိုဖက်ထားသည်။

"ငါ့သမီးကတော့ အရင်လိုပဲဟေ့ မြတ်မွန် ငါတို့သမီးလေးရောက်ပြီဟေ့"

မီးဖိုခန်းထဲရောက်နေသည့် မေမေကလည်း ယောက်မကိုမချနိုင်သေးဘဲ အပြေးလေးထွက်လာတော့ ခရာက ဖေဖေ့ကိုလွှတ်ပြီး မေမေ့ကိုပြေးဖက်ပြန်သည်။
ရှေ့နေတစ်ယောက်ဖြစ်နေသည့်တိုင် ခရာ ကလေးစိတ်မပျောက်သေးပါလား...

PlayersWhere stories live. Discover now