p-1

7.3K 195 9
                                    

သူရိန်နေမင်း၏ ရောင်ခြည်အလင်းကြောင့် မနက်တဖန်ရောက်ရပြန်သည်။မနက်ခင်းရဲ့ကျေးငှက်တို့လဲ တွန်ကြူးနေပြီ အိပ်ယာဘေးက နှိုးစက်လေးရဲ့ ဆူဆူညံညံ အသံကို နော်ထူးလယ်ဖောတစ်ယောက်ကြားလိုက်ရသည်။

"ကလင် ကလင်"

"ဟူးးး ကျောင်းသွားရဉီးမယ်မိထူးရေ အပျင်းထူနေလို့မရဘူး"

နော်ထူးလယ်ဖော ရေချိုးဖို့ရေချိုးခန်းထဲဝင်သွားသည်။...ဘေစင်ပေါ်က မှန်ရှိရာဆီက သူ့ပုံရိပ်ကိုသူပြန်ကြည့်နေမိသည်။..နော်ထူးက အလယ်တန်းကျောင်းသူပါ။broken family ကဖြစ်ပြီး မိခင်နဲ့ အတူနေတယ်...သူမှာ ကြယ်စင်လင်းရယ် နှင်းအဉ္ဇလီဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိသည်။..သုံးယောက်လုံးက lbs(မိန်းကလေးကိုသာစိတ်ဝင်စားသူ) ဖြစ်ပြီး တစ်ယောက်တစ်မျိုး ဆွဲဆောင်မှုရှိကြသည်။နော်ထူးက ကရင်လူမျိုးဖြစ်တာကြောင့် အသားဖြူသည် နှုတ်ခမ်းပါးပါးလေးနဲ့ သူရဲ့မျက်မှန်လေးကြောင့် ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သည်။နှင်းအဉ္ဇလီက ဝါဝင်းသောအသားအရည်နဲ့ ပြေပြစ်သောမျက်နှာလေ အချိုးအစားမှာမပစ်ဆိုဖွယ်မရှိ ချောမောသော ကောင်မလေးတစ်ယောက်ဖြစ်လေသည်။ကြယ်စင်လင်းကတော့ အရမ်းချောတဲ့အထဲမပါ သူရဲ့စူးရှတဲ့မျက်လုံးနဲ့ ထူထဲတဲ့မျက်ခုံးလေးကြောင့်အလွန်ဆွဲဆောင်မှုရှိသည်။...

"အန်တီနော်ထူးရှိလား"

"ရှိတယ်သမီးတို့ရေ အန်တီခေါ်ပေးမယ်"

"နော်ထူးရေ နင့်သူငယ်ချင်းတွေရောက်နေပြီ ဆင်းခဲ့တော့လေ"

"ဟုတ်အမေလာပြီ"

နော်ထူးတစ်ယောက် သူ့ရဲ့လွယ်အိတ်လေးအား ခပ်သွက်သွက်ယူလိုက်ကာ အိမ်ပေါ်မှာပြေးဆင်းလျက်ပင်..

"အမေသွားပြီနော်"

"ဟဲ့မနက်စာမစားတော့ဘူးလား"

"မစားတော့ဘူးမေကြီးရေ" ဟုပြောကာ အိမ်ပြင်သာ မြန်မြန်ထွက်ခဲ့သည်

"အော် ဒီကလေးနှယ့်"

......
ကျောင်းသွားရာလမ်းတွင်..

"နင်တို့ကလဲအစောကြီး ရှိသေးတာကို"

"မစောလို့မရဘူးလေ ဒီ​နေ့ကမယ်မင်းကြီးမ မိကြယ်စင်ရဲ့အသင်းနေ့လေ"

မြတ်နိုးရသူWhere stories live. Discover now