p-10

1.3K 92 0
                                    

ကြယ်စင်ကူညီတာထိရောက်တယ်ပြောရမည်..ကောင်းဘုန်းမြတ်နိုင်က ထွဋ်အာကာအားသဝန်တိုနေသည်မှာ သိသာလွန်းလေသည်။ကြယ်စင်တို့လဲ မြို့ထဲကိုလျှောက်ပတ်ကာ ပြန်လာခဲ့ကြသည်။ထွဋ်အာကာတော့ ကြယ်စင့်အား ကျေးဇူးနေတော့သည်။ကြယ်စင်လဲ ​အိမ်ရောက်တော့ ငါးနာရီခွဲချေပြီ..အိမ်၌ဘယ်သူမှမရှိ အိမ်တံခါးလဲသော့ခက်ထားပေသည် ဖုန်းကိုဖွင့်ကြည့်တော့ ဆရာမဆီမှဖုန်းကောပေါင်းများစွာဝင်ထားပေသည်။
အိမ်ကလဲ ခေါ်ထားတာတွေ့ရသည်။ကြယ်စင်လဲ ဆရာမအားဖုန်းပြန်ခေါ်လိုက်သည်။အိမ်ထက် ဆရာမကိုပိုဉီးစားပေးမိပြန်သည်။

"ဟယ်လို ဆရာမ"

"ကြယ်စင် ဘယ်တွေသွားနေတာလဲ
မင်းကိုဖုန်းခေါ်ထားတာမင်းမတွေ့ဘူးလား"

"တွေ့ပါတယ်ဆရာမရယ် သမီးအပြင်သွားနေလို့ပါ"

"အေးတွေ့ရင် အခုတို့အိမ်လာခဲ့"

"ဘာလို့လဲဆရာမ"

"မင်းအဖွားက သူ့ဇာတိခနပြန်ရတယ် အရေးကြီးလို့တဲ့ ချက်ချင်းကြီးပြန်သွားရတာ..မင်းကိုတို့အိမ်မှာအပ်ခဲ့တာ"

"ရှင်"

"ရှင်မနေနဲ့ မြန်မြန်လာ တို့စောင့်နေတယ်"

"ဟုတ်"

ကြယ်စင်လဲ ဆရာမအိမ်သို့ပြေးရပေသည်။ငါးနာရီ ခွဲကျော်နေပေမယ့် သိပ်မမှောင်သေး...ဆရာမအိမ်က ကြယ်စင်တို့လမ်းရဲ့တစ်လမ်းကျော်ဖြစ်ပေသည်။အတန်ကြာသော် ဆရာမအိမ်သို့ရောက်ချေပြီ။ကြယ်စင်ဝင်သွားတော့ဆရာမက လက်ပိုက်ကာစောင့်နေတယ်။

"ဆရာမ"

"လာဒီကို"

"ဟူတ်"

"ခုချိန်ထိဘယ်တွေသွားနေတာတုန်းပြော"

"ဟိုလေ..ထွဋ်အာကာတို့နဲ့ လျှောက်လည်နေတာပါ"

"ဒီချိန်ထိလည်ရလား ခုကြည့်ခြောက်နာရီထိုးတော့မယ်
မင်းကမိန်းကလေးနော်ကြယ်စင် တို့ဘယ်လောက်စိတ်ပူရလဲမင်းသိလား"

ဆရာမဆူတော့ ခေါင်းကိုသာအတွင်တွင်ငုံ့ထားမိသည်။ထို့အ​ပြင် မျက်ရည်များထိန်းမနိုင်​တော့။ဆရာမနှင့်ပတ်သက်လျှင် ကြယ်စင်မှာခံစားလွယ်​ ပေသည်။ဒါကိုဆရာမမြင်တော့ချက်ချင်းအသံလေး အေးသွားသည်..။

မြတ်နိုးရသူWhere stories live. Discover now