p-12

1.2K 91 0
                                    

ကြယ်စင်လဲ နော်ထူးတို့ကိုရှောင်ပေးလိုက်သည်။
နှင်းကိုသွားခေါ်ဖို့ကြံတော့သူကမအားပေ ဒါကြောင့်အခန်းထဲသာပြန်လာလိုက်သည်။

ကြယ်စင်ကတော့ နော်ထူးတို့ကိုရှောင်ပေးသည်ကိုနော်ထူးသိပါသည်။သို့ပေမယ့်ကျေးဇူးမတင်နိုင်သေးပါ ရင်ထဲက စိုးရိမ်မှုက တရိပ်ရိပ်ထိုးတက်နေသည်။ကိုယ်ပိုင်ဆိုင်နေပြီးအရာတစ်ခုကိုဆုံးရှူံးရမှာကြောက်နေပြန်သည်။

"ကလေး"

"ရှင်ဆရာမ"

"မငိုနဲ့တိတ်တော့နော်"

"ဟုတ်ကဲ့"

နော်ထူးအငိုတိတ်မှ ဆရာမပြန်ထွက်သွားကာဂရုစိုက်ဖို့အတန်တန်မှာနေသေးသည်။စာသင်ချိန်တွေသာတစ်ချိန်ပြီးတစ်ချိန်ပြောင်းသွားသည်။နော်ထူးကတော့ ပြတင်းပေါက်သာငေးနေဆဲ ညနေကျောင်းဆင်းတော့မည်..ပုံမှန်ဆို သူငယ်ချင်းသူံးယောက်တူတူပြန်ပေမယ့်..ဒီနေ့တော့ နော်ထူးတစ်ယောက်ထဲသာ ပြန်ပေသည်။အိမ်ရောက်တော့ 3:15 မိနစ်ဖြစ်ချေပြီ။အမေ့ကိုလဲပြန်ရောက်ပြီလို့သာတစ်ခွန်းထဲပြောရင်းအခန်းထဲဝင်လာမိသည်။ထို့နောက် ရေချိုးကာ အိမ်နေရင်းပေါ့ပေါ့ပါးပါးအင်္ကျီတစ်ထည်ဝတ်ကာ ကျူရှင်သွားရန် ပြင်လိုက်သည်။နော်ထူးလဲပြင်ဆင်ပြီးတော့ 3:45ဖြစ်လို့နေပြီ အိမ်ရှေ့မှာလဲ နှင်းကလာခေါ်တာကြောင့် ကြယ်စင့်ဆီသွားဖို့သာကျန်တော့သည်။

"နော်ထူးရေ"

"အေးနှင်း ငါလာပြီ"

"သွားမယ်"

"အင်း"

နော်ထူးတို့ ကြယ်စင့်အိမ်ထွက်လာတော့ သူ့အိမ်ရှေ့လေးမှာ ရပ်စောင့်နေသည့်ကြယ်စင်..အင်္ကျီအနက်ရောင် လက်ရှည်လေးကိုမှ ခေါင်းစွပ်ကလေးပါကာ ဂျင်းဘောင်းဘီပွပွကိုဝတ်ဆင်ထားသည်။လွယ်အိတ်ခပ်သေးသေးကိုလွယ်ကာ နော်ထူးတို့အလာကိုစောင့်နေသည့်ပုံပင် လက်ပေါ်မှ VS နာရီလေးအားတစ်ကြည့်ကြည်ဖြင့်သာ။ နော်ထူးတို့သူံးယောက်လုံးမှာ VS နာရီဆင်တူလေးတွေသာဝတ်သည်။

"ကြယ်စင်"

"အာ..နော်ထူးနဲ့ နှင်းသွားကြမယ်လေ"

မြတ်နိုးရသူWhere stories live. Discover now