p-16

1.1K 82 2
                                    

ဘာလိုလိုနဲ့ကျောင်းဆင်းချိန်ရောက်လို့လာချေပြီ..။
နော်ထူးတော့စိတ်နဲ့လူနဲ့ပင်မကပ်..။

"နော်ထူး..နော်ထူး"

"...."

"ဟဲ့နော်ထူး"

"ဟင်"

"ဘာတွေတွေးနေတာလဲ ကျောင်းဆင်တော့မယ် ပစ္စည်းတွေသိမ်းလေ"

"အော် အေးအေး ကျေးဇူးနော်"

"နင်နေရောကောင်းရဲ့လား"

"ကောင်းပါတယ်ဟ"

"အေးပါ"

နော်ထူး ကျောင်းဆင်းတော့ ကြယ်စင်တို့ကိုစောင့်နေသည့်အချိန်..

"နော်ထူးလယ်ဖော"

လေသံမာမာဖြင့်ခေါ်နေသောဆရာမကိုတွေ့လိုက်ရသည်။နှုတ်ခမ်းနီရဲရဲတင်ထားတဲ့ ဆရာမနှုတ်ခမ်းက တစ်ချိန်က နော်ထူးကိုနမ်းခဲ့တာလေ..ထိုနှုတ်ခမ်း လေးပဲ ချစ်တယ်လို့ပြောခဲ့သေးတာ..ခုတော့ ခေါ်တာတောင် နော်ထူးလယ်ဖောတဲ့လေ အရင်က ထူးထူးဆိုတဲ့နာမ်းစားလေးတောင်ပြန်လွမ်းမိပါရဲ့...

"မင်းကိုပြောစရာရှိတယ် နောက်ကလိုက်ခဲ့"

နော်ထူးလဲ ဆရာမခေါ်ရာသို့လိုက်သွားကာ နော်ထူးတို့အဆောင်အနောက်က ပိတောက်ပင်ကြီးရှိရာ၌ ရပ်သွားသောဆရာမ..ထို့နောက်စကားတစ်ခွန်းဆရာမ
နှုတ်ခမ်းမှထွက်ကျလို့လာသည်...

"တို့တွေ လမ်းခွဲ ကြမယ်"

"ရှင်"
နော်ထူးခေါင်းကိုမိုးကြိုးပစ်လိုက်သလိုပါပဲ လွန်ခဲ့တဲ့ နှစ်ရက်ကမှ ထားမသွားဘူးလို့ပြောတဲ့သူမ..
သူများတွေပြောသလို ထားမသွားဘူးဆိုတာ ပုံပြင်တစ်ပုဒ်များလားကွယ်..
ချစ်ပါတယ်ပြောလို့ပြောတဲ့အချိန် ဆရာမမျက်ဝန်းတွေက တကယ်အသက်ဝင်နေခဲ့ပါရဲ့...
နမ်းမိခဲ့သော ဆရာမရဲ့ အနမ်းတွေကချိန်မြိန်ပါရဲ့နဲ့
အခု ဘာကြောင့်လမ်းခွဲရသလဲဆရာမရယ် ရက်စက်ပါပေ့...

"လမ်းခွဲကြမယ်လို့"

"ဟင့်အင်းနော် နော်ထူးလက်မခံနိုင်ဘူး နော်ထူးကိုစနေတာမလား"

"အတည်ပြောနေတာ"

"ဆရာမရယ် သမီးငိုချမိတော့မယ် မစပါနဲ့
ဆရာမဒီလိုစချင်လို့ သမီးကိုတနေ့လုံးစိမ်းကားနေတာမလား"

မြတ်နိုးရသူWhere stories live. Discover now