p-2

2.3K 125 2
                                    

ဘာလိုလိုနဲ့ စာသင်ချိန်တစ်ချိန်ပြီးတစ်ချိန်ဝင်လာသည်။နှင်းအဉ္ဇလီတစ်ယောက်တော့အပျင်းထူနေမိသည်။စာဆိုလိုက်မလုပ်ချင်တာအရင်ထဲကအကျင့်ပါ
ခုဆို နှင်းအဉ္ဇလီအမုန်းဆုံးမြန်မာစာအချိန်သို့ရောက်ရှိလာပါပြီ နံပါတ်4အချိန်ဖြစ်လို့ မြန်မာစာသင်ပြီးရင်ကျောင်းဆင်းမှာဖြစ်သည် ဒါကြောင့်မြန်မြန်ကျောင်းဆင်းဖို့သာဆုတောင်းနေမိသည်။

မိနှင်းဆုတောင်းဟာပြည့်မလာပါ မြန်မာဆရာမသည် အတန်းထဲသို့ဝင်ရောက်လာသည် မိတ်ကပ်ပါးပါးလေးနဲ့ နှုတ်ခမ်နီလေးလဲဆိုးထားသည် ဆံပင်လေးကို အပြောင်းသိမ်းပြီး သဇင်ပန်းလေးတွေလဲ ပန်ထားသည်။ခြုံငုံပြောရမယ်ဆိုရင် ဆရာမ၏မျက်နှာလေးမှာ အပစ်ကင်းစင်လှသည် ပကတိ တည်ငြိမ်သောအသွင်ကိုသာဆောင်နေသည်။

"ကဲ အားလုံးမင်္ဂလာပါကွယ် ဆရာမက ဒေါ်ခိုင်သဇင်ဝင်းပါ"

"မင်္ဂလာပါဆရာမ"

အားလုံးညီညာစွာနှုတ်ဆက်အပြီး နှင်းအဉ္ဇလီအကြည့်တွေကတော့ဆရာမမျက်နှာဆီမှမခွာမိသေးပါဘူး...
ကိုယ်အမုန်းဆုံးဘာသာရပ်ရဲ့ဆရာမက ကိုယ့်ကိုအကြည့်မလွှဲနိုင်လောက်အောင်ဆွဲဆောင်ထားနိုင်ကိုပင်အံအားသင့်လ်ို့မဆုံး

"ဟိုကလေးမ"

"ရှင်..ရှင်ဆရာမ"

"ဆရာမမျက်နှာစာမရှိဘူး ကျောက်သင်ပုန်းမှာစာက စာကိုလိုက်ကြည့် ပြီးကြရင်အကုန်ပြန်မေးမှာနော်"

"ရှင်ဟုတ်"
နှင်းအဉ္ဇလီရှက်မိပါသည် ကိုယ်ကြည့်တာအဲ့လောက်​ တောင်သိသာသွားတယ်ထင်ပါ့..

"ဒီကဗျာလေးရဲ့ အဓိပ္ပါယ်က......"

ဆရာမကအရှေ့မှာစာရှင်းပြနေသည်။အရပ်5"1လောက်ပဲရှိတဲ့ဆရာမအရပ်က နှင်းအဉ္ဇလီနဲ့ဆိုရင် ရင်ခွင်မှီလောက်သာဖြစ်သည်။နှင်းအဉ္ဇလီငေးနေတုန်းဆရာမက မိနှင်းအနားသို့လောက်လာသည် ပြီးနောက် စာအုပ်ကိုလက်ညိုးဖြင့်ထောက်ပြသည်။

"စာကိုကြည့်လေကလေးမ"

"ဟုတ်ကဲ့"

"မင်းလဲတို့ကိုတော်တော်ငေးတယ်နော်"

မြတ်နိုးရသူWhere stories live. Discover now