p-28

1.3K 86 7
                                    

နော်ထူး ဆရာမအားထားကာ ကိုင်းထဲသို့ ကိုကြီးနဲ့အတူလိုက်လာသည်။ကိုကြီးက နော်ထူးကိုညီမအရင်းကဲ့သို့စောင့်ရှောက်ပေးပါသည်။ အမဝတ်ရည်နဲ့ဆိုလဲ နော်ထူးတို့နဲ့အတော်ခင်နေပြီ ဖြစ်သည်။
ကိုင်းက တောထဲကိုင်းဖြစ်သည်။ တာကြီးက ထိုကိုင်းတွေကို ကာထားတာကြောင့် တောထဲကိုင်းတွေက ရေကြီးလျှင် ရေမမြုပ်ပေ..။နော်ထူးတို့ကိုင်းထဲလာတော့ လမ်းလျှောက်သာလာခဲ့ကြသည်။ မနက်ခင်းရဲ့အလှဟာ ထိုရွာလေးနှင့်ပနံသင့်လှသည်။လမ်းတစ်လျှောက် ပြောင်းပင် ပဲပင်တွေလဲ တွေ့ရသည်။တောထဲကိုင်းက နော်ထူးတို့အိမ်နဲ့ဆိုအတော်ဝေးသည်။အရင်ဆုံးတာပေါ်သို့တက်ရပြီးမှ ရွာသင်္ချိုင်းကုန်း၏ ဘေး၌ ရှိသောတာလေးထဲဝင်သွားရတာဖြစ်သည် ထိုတာလေးကဲ့ဘေးမှာမှ မူလတန်းကျောင်းလေးရှိသေးသည်။ ရွာသင်္ချိုင်းနဲ့ မူလတန်းကျောင်းလေးကို
ထိုတာလေးက ခြားပေးထာသလိုပင်။
နော်ထူးတို့စကားတပြောပြောနှင့်လျှောက်လာကြသည်။ကိုကြီးက နော်ထူးမပျင်းအောင်စကားတွေပြောပေးနေသည်။အမဝတ်ရည်ကတော့ ကိုင်းထဲကိုအလိုက်ဘူး တဲ့..။ကိုင်းပေါင်းများစွာကိုဖြတ်ကျော်ပြီး နော်ထူးတို့ အလုပ်လုပ်မယ့်ကိုင်းသို့ရောက်ရှိလာသည်။နော်ထူးတို့ကိုင်းက တာလေး၏ ဘေးတွင်ရှိသည်။ တာကမြင့်တာမို့ ကိုင်းထဲကိုဆင်းရင်ချောကျမှဆိုးရသည်။ တောရွာလေးတွေက လှေကားမရှိ မြေကြီးကိုသာ ခြေကုပ်လို့ရအောင်အထစ်ကလေးတွေရှိသည်။ တာလေးရဲ့ ညာဘက်မှာနော်ထူးအလုပ်လုပ်ရမယ့် ကြီးကြီး၏ ကိုင်းဖြစ်သည်။ ဘယ်ဘက်တွက်တော့ ကွန်ကရစ်လမ်းကျဉ်းလေးရှိ၍ ကိုင်းနဲ့ထိုလမ်းလေးကို တာလေးကခြားပေးထားသည်။ ထိုလမ်းလေးမှ စျေးရောင်းသည့်ဆိုင်ကယ်အသည်များထွက်လာသည်ကိုတချက်တချက်လှမ်းမြင်ရသည်။

"ငါ့နှမရေ ဟိုကမြင်နေရတာ တို့ကိုင်း"

"ကိုကြီး ကိုင်းရှေ့တည့်တည့်ကလမ်းလေးကဘယ်ကိုရောက်တာလဲ စျေးသည်တွေထွက်လာတယ်နော်"

"အဲ့တာလား အဲ့တာကတံတောင်ဆစ်ကွေးရွာကိုသွားတဲ့လမ်းလေ အဲ့မှာတို့ဉီးလေးတောင်ရှိတယ်ကြယ်စင့်ဉီးလေးလို့လဲပြောလို့ရတာပေါ့"

မြတ်နိုးရသူWhere stories live. Discover now