p-24

1.2K 78 0
                                    

နော်ထူးဖျော်ဖြေပြီးတော့ကြယ်စင်က နော်ထူးအားလက်ဆွဲခေါ်လာခဲ့သည်။နော်ထူးလဲဘာမှန်းမသိတာမို့ကြောင်တောင်တောင်လေးသာပါလာခဲ့၏..။ကြယ်စင်သည် နော်ထူးတို့အဆောင်ဘက်သို့ဉီးတည်၍သွားနေကာ အဆောင်နောက်က ပိတောက်ပင်ကြီးအောက်တွင် ခြေလှမ်းများရပ်တန့်သွားသည်။

"ဘာလိုဒီကိုခေါ်လာတာလဲ"

"နင်တို့ကို တစ်ဘဝစာပေါင်းဖက်ရအောင်လုပ်ပေးမလို့လေ"

"ဟင် ငါနားမလည်ဘူး"

"နင်ဒီစုံ​ညီပွဲကိုဘာကြောင့်လာတာလဲ"

"ဆရာမကိုအဆုံးရှုံးမခံနိုင်လို့လေ"

"ဒါဆို မဆုံးရှုံးအောင် ဘယ်လိုကာကွယ်ရမလဲသိလား"

"ဟင့်အင်း"

"အဲ့တာပဲ နင်ကအဆုံးရှုံးပဲမခံချင်တာ အဆုံးရှုံးမခံရအောင်မကာကွယ်တတ်ဘူး ဒါကြောင့်ငါတို့က ကူညီမလို့"

"ဟင် ဘယ်လို"

"ဆရာမကို ခေါ်ထားတယ်နော်ထူး တကယ်လို့ဆရာမသာ နင့်ကိုရွေးရင် ဒီနေရာကိုသေချာပေါက်လာလိမ့်မယ်"

"မရွေးရင်ရော"

နော်ထူးစကားကြောင့် ကြယ်စင်မျက်နှာပျက်သွားပေမယ့် ချက်ချင်းပြန်ထိန်းကာစကားဆက်လိုက်သည်။

"ရွေးမှာပါ နင့်ကိုဆရာမက သိပ်ချစ်တာကို"

"အာမခံချက်မရှိတဲ့ စကားတွေလားကြယ်စင်ရယ်"

ဒီတစ်ခါတော့ ကြယ်စင်လဲ ပြောစရာ စကား ပျောက်ရှကုန်သည်။ခေါင်းကိုငုံ့ရင်း တုံ့ပြန်စကားရှာနေမိလျက်

"တို့ကို မင်းမယုံတာကိုတော့ စိတ်မကောင်းဖြစ်မိသားကွယ်.."

"ဟင်"

ထိုအသံ..။လွမ်းနေရသောအသံ..။နော်ထူးနောက်ကျောမှထွက်ပေါ်လာသော ထိုအသံပိုင်ရှင်ကို ပွေ့ဖက်လိုက်ချင်ပါ့..။သို့ပေမယ့် ပြေးဖက်ရမယ့်အစား တောင့်တောင့်ကြီး ရပ်နေမိသည်။အိမ်မက်လား အပြင်မှာလားမသဲကွဲ..

"ဟေ့ အချစ်ရယ်တို့ကိုတောင် လှည့်မကြည့်တော့ဘူးလား"

"အဟင့်..ဆ..ဆရာမ.."

မြတ်နိုးရသူWhere stories live. Discover now