10

19K 583 12
                                    

💛 Players ( Part - 10 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"သွေး ဘာလို့ကိုယ့်ကိုဖုန်းမဆက်တာလဲ"

ဖုန်းထဲကကြားနေရသည့် ကို့အသံကြောင့် သွေးစိတ်ရှုပ်သွားမိကြောင်း တိတ်တဆိတ်ဝန်ခံရမည်ဖြစ်ပြီး မျက်ခုံးလေးရှုံ့လိုက်မိသည်။
ဖုန်းမဆက်မိတာ ဘယ်နှရက်လောက်ရှိသွားမှန်း သွေးမမှတ်မိသလို၊ သွေးမဆက်မိဘူးဆိုရင်လည်း သူကရော ဘာလို့မဆက်တာလဲ။

"သွေး စာတွေလုပ်နေလို့ပါ ကိုကရောဘာလို့မဆက်တာလဲ"

"ကိုယ် Projectတစ်ခုနဲ့အလုပ်ရှုပ်နေတယ် ဒီကြားထဲအလုပ်သင်တစ်ယောက်ပါ ရောက်နေတော့ သူ့ကိုပါသင်ပေးနေရတယ်"

"မိန်းကလေးလား"

"အင်း"

တကယ်တမ်း ထိုအလုပ်သင်ဟာ ခရာမှန်း သူမ,သိပါသည်။
စည်းနဲ့စကားပြောဖြစ်တုန်းက အက္ခရာဟုပါလာသောကြောင့် ထိုမှတစ်ဆင့် အက္ခရာသည် အလုပ်သင်အဖြစ် ကို့ရဲ့အနီးဆုံးသို့ရောက်နေပြီဖြစ်ကြောင်း သွေးပြန်သိရသည်။

သို့သော် အက္ခရာဟာ သွေးရဲ့ညီမဝမ်းကွဲဖြစ်ကြောင်းကိုတော့ စည်းကိုယ်တိုင်လည်းမသိသေး။
အရင်ကပြောဖူးသလို သွေးရဲ့Spyအဖြစ် ကို့အနားဘယ်သူကပ်လာသလဲစောင့်ကြည့်ဖို့ စည်းကိုမှာထားမိတာမို့ သွေးပြန်သိရခြင်းဖြစ်သည်။

"တန်ခိုးကိုတောင် အလုပ်သင်တစ်ယောက်အပ်ခဲ့ရသေးတယ် Decoratorဆိုပေမယ့် constructionကိုစိတ်ဝင်စားလို့တဲ့ အက္ခရာတဲ့"

ခရာ့ကို အထင်သေးခဲ့မိသည့်အပေါ်မှာ သူမတကယ်နောင်တရမိကာ ပန်းထက်အက္ခရာဆိုသည့်မိန်းမ ဒီလောက်အထိပိုင်နိုင်လိမ့်မည်ဟုလည်း မတွေးခဲ့မိ။
တကယ်ဆို သံအမတ်တစ်ယောက်ရဲ့သမီးဖြစ်ပြီး ဒီလောက်ထိအပင်ပန်းခံစရာ လိုလို့လား…
ပေါ့ပေါ့ပါးပါး နည်းလမ်းတွေနဲ့ချဥ်းကပ်ပါလား…

"အခြေအနေဘယ်လိုလဲ"

"အခုမှအစပဲရှိသေးတယ် ပြောလို့မရသေးဘူး"

ဟု အမြဲပြောတတ်ပေမယ့် စည်းကိုရော၊ ကို့ကိုပါ ဘယ်လိုစည်းရုံးလိုက်လို့ ကို့ရဲ့အလုပ်သင်အဖြစ်နဲ့ ကို့နောက်တကောက်ကောက် လိုက်ခွင့်ရသွားသလဲ။
ကိုကရော၊ တစ်ချိန်လုံးမိန်းကလေးတွေနဲ့ ကင်းရှင်းစွာ မာနကြီးကြီးနေခဲ့ပြီးမှ တကယ်ပဲ သူ့အနားမှာခေါ်ထားဖို့ ဆုံးဖြတ်လိုက်တာလား..

PlayersWhere stories live. Discover now