11

17.2K 591 18
                                    

💛 Players ( Part - 11 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"စာတွေရော လိုက်နိုင်ရဲ့လား အမရာ"

ညစာစားနေချိန် လေးလေးစကားစလာတာမို့ သွေး ခေါင်းကိုညိတ်ပြလိုက်ပြီး လေးလေးပန်းကန်ထဲကို ဟင်းတစ်ဇွန်းခပ်ထည့်ပေးလိုက်သည်။
စည်းကမ်းကြီးသော လေးလေးကို သွေးလည်းကြောက်ရကာ ငယ်ငယ်ကဆို သွေးတို့နှစ်ယောက်လုံးခဏခဏအပြစ်ပေးခံခဲ့ရသည်မလား...

"လိုအပ်တာရှိရင် သမီးအန်တီ့ကိုပြောနော် အားမနာနဲ့ ဟိုပြောမရဆိုမရလေးကတော့ သူ့ရဲ့ကိုယ်ရံတော်ကို ပြန်ပို့လိုက်ပြီ"

ခရာသည် ကစားပွဲကိစ္စဖြင့် သူမအနားမှာ ဘယ်သူ့ကိုမှမထားချင်မှန်း သွေးသိနေပြီး လေးလေးပြန်သိမှာစိုး၍ ဒီလိုလုပ်လိုက်ခြင်းမလား။
လေးလေးပြန်သိမှာ...

သွေး ထွက်ပေါက်တစ်ခုကိုမြင်လိုက်ရသလို စိတ်ထဲပေါ့ပါးသွားပြီး ခရာ့အားနည်းချက်ဟာ လေးလေးဟုသတိရလိုက်ကာ အခုမှအသက်ရှူချောင်သွားသလိုခံစားလိုက်ရသည်။
သွေးတို့ကြားက ဖြစ်ခဲ့သမျှကိုသာ လေးလေးပြန်သိရင် ခရာ့ကိုပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်သည်ကို စိတ်ထဲအမှတ်အသားပြုကာ ထမင်းကိုပဲဆက်စားနေလိုက်သည်။

"လေးလေး ဒီညအပြင်သွားရဦးမှာလား"

"၁၀နာရီလောက်မှာတော့ အစည်းအဝေးရှိသေးတယ် နည်းနည်းနောက်ကျလောက်တယ် မစောင့်နဲ့တော့နော်  နှစ်ယောက်လုံး"

သွေးရော၊ အန်တီနှင်းပန်းပါ ခေါင်းညိတ်ပြလိုက်တော့ ဖုန်းဝင်လာသည်နှင့်ကြုံကြိုက်ပြီး လေးလေးက ထမင်းကိုလက်စသပ်ကာ ချက်ချင်းထသွားတော့၏။
အန်တီနှင်းပန်းက ဒါကိုလှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ချရင်း ခေါင်းတခါခါဖြစ်သွားပြီး...

"အဲ့လိုပဲ သမီးရယ် ထမင်းကိုဂရုစိုက်ပြီးမစားဘူး ခရာလည်းအဲ့လိုပဲ တရားရုံးကဖုန်းဆက်ရင် ထမင်းမစားတော့ဘူး ထပြေးတော့တာပဲ"

"အန်တီနှင်းပန်း ခရာက Harvardကိုသွားချင်နေတာမလား လေးလေးက ဘာလို့မလွှတ်တာလဲ"

"ဘယ်လွှတ်ချင်ပါ့မလဲ ခရာ့အဖေက သူ့သမီးကို သူ့လိုသံအမတ်တစ်ယောက်ဖြစ်လာစေချင်တာ ခရာကတော့ အဲ့ဒီမှာကျောင်းတက်ပြီး အဲ့ဒီမှာပဲအခြေချင်တာ.. မဟုတ်ပါဘူးပြောလည်း သူ့အဖေက သူ့သမီးအကြောင်းသိနေတော့ မလွှတ်ချင်ဘူးလေ သူတို့သားအဖကတော့ ဘယ်တော့မှညှိလို့ရမှာမဟုတ်ဘူး သမီးသိတဲ့အတိုင်းပဲ"

PlayersWhere stories live. Discover now