Part 1

20.4K 221 1
                                    

" လွှာ.... "

" အင်း.... "

" နင် ဆန်းဆေးပြောတာတွေ နားလည်လား...? "

" မလည်တစ်ချက်လည်တစ်ချက်ပဲဟ... "

" ဟင်း.... "
" ဂျပန်စာတွေကလဲ ခက်လိုက်တာဟာ ၊ အခုကျက်ခဏနေမေ့နဲ့ အဆင်တွေပြေနေရောပဲ.... "

" ဟွန်း... "
" ပိုးသားကလဲ သူများနိုင်ငံက ဘာသာစကားကို သင်ယူရတာပဲ ဒီလောက်တော့ရှိမှာပေါ့ဟာ ၊ ဘာလဲ နင်က အခုထဲက လက်လျော့ချင်နေပြီလား...? "

" ဟင်း လက်လျော့ချင်ရင်တောင် လျော့လို့မဖြစ်သေးပါဘူးဟယ် ၊ ငါက ဂျပန်က ကောင်လေးချောချော တစ်ယောက်ကို ရည်းစားတော်ပြီး အဲ့ဆီမှာပဲ အခြေချတော့ဖို့ စဉ်းစားနေတာ ဟီး... "

" ဒါနဲ့ နင်ရော ဘာရည်ရွယ်ချက်နဲ့ သွားချင်တာလဲ လွှာရဲ့... "

" ဟီး... "
" ငါကလား...? "
" ငါလဲ နင့်လိုပဲပေါ့ဟ ၊ ဂျပန်ကောင်လေးတစ်ယောက်ကို ဆွဲစိပြီး ဒီလောက်တောင် သွားရခက်တဲ့ ဂျပန်ဆိုပြီးတော့ကို တစ်သက်လုံး နေပစ်ဖို့ စဉ်းထားတာဟ... "

" ဟား...ဟား.... "
" လွှာမ ညည်းလဲ မလွယ်ဘူးပဲ.... "

" နင့်သူငယ်ချင်းပဲဟာ ဒီလောက်တော့ ရှိမှာပေါ့ဟယ်..... "
" ဒါနဲ့ သင်တန်းပြီးရင် ငါတို့ တစ်ခုခုသွားစားကြမလား....? "

" ကောင်းတာပေါ့ ၊ ဘာစားကြမလဲ...? "

" မောက်ချိုက်နဲ့ ရှမ်းကောဆိုရင်ရော...? "
" ဘာဘယ်တီးလေးနဲ့ဆို ရှယ်ပဲဟ သိလား...? "

" အိုခေ ဒါဆို သွားစားကြတာပေါ့.... "

" .... "

လွှာနဲ့ပိုးသား စကားပြောပြီးမကြာခင် ဆရာမ ရောက်လာတာကြောင့် ကိုယ့်နေရာကိုယ် အသီးသီးယူကာ စာအုပ်ဖွင့်၍ ထိုင်နေလိုက်ကြတော့သည် ။

ဒီလိုပါပဲ ၊ လွှာကတော့ သင်တန်းလေးတက်လိုက် အချိန်ပိုင်းအလုပ်လေးလုပ်လိုက်ဖြင့် အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ ငွေစုနေရတော့သည် ။ မိဘတွေဆီက တောင်းရင် ရရင်ပေမယ့် ကိုယ့်ဝင်ငွေနဲ့ကိုယ် သွားချင်တာကြောင့် အချိန်ပိုင်း အလုပ်ကရတဲ့ ငွေကိုတော့ အိမ်ကိုမပေးပဲ ဘဏ်မှာ စုထားဖြစ်သည် ။

ရင်ခုန်သင်ရိုးညွှန်းတမ်းမှအချစ်အက္ခရာ ( Complete )Where stories live. Discover now