" ဟေး... "
" တော်လောက်ပြီလေ ချာတိတ်ရယ် ၊ ငရုပ်သီးတွေအဲ့လောက်ထည့်ထားတာတောင် ဘာလို့ထပ်ထည့်နေရပြန်တာလဲကွာ... "" ရပြီ မထည့်နဲ့တော့နော် ၊ နောက်ထပ် အဲ့ငရုပ်သီးပန်ကန်ကို မျက်စောင်းထိုးရဲထိုးကြည့် ကိုယ် လူကြားထဲမှာလည်း အတင်းဖက်နမ်းပစ်မှာနော်... "
" ကိုကြီးကလဲ ကော်ရည်ခေါက်ဆွဲစားပါတယ်ဆို ငပိလေးနဲ့ငရုပ်သီးစပ်စပ်လေးနဲ့မှ စားကောင်းတာကြီးကို ဟင့်... "
" မရဘူး အဲ့တာဆိုရင်တော့ နောက်တစ်ခါ ကော်ရည်ခေါက်ဆွဲမစားရတော့ဘူးမှတ်... "
" ကိုကြီးနော်... "
" စားတာသောက်တာကအစ လူကိုလိုက်ချုပ်ချယ်နေတယ်... "" ချုပ်ချယ်တာမဟုတ်ရပါဘူးဗျာ ချစ်တာ ချစ်တာဗျ... "
" အို တော်ပါပြီ... "
" အဲ့ချစ်တာကြီးကြောင့် လွှာ့မှာ ဘာမှကိုလုပ်လို့မရတော့ဘူး ဟွန့်... "" အဟက်... "
" ဒါနဲ့ ချာတိတ်.... "
" ဒီမှာ ထပ်လုပ်မယ့် မင်္ဂလာပွဲမှာ ချာတိတ် လုပ်ချင်တဲ့ပုံစံမျိုး ၊ စိတ်ကူးမျိုးရှိလား ၊ ကိုကြီးကိုပြောလေ... "" အွန်း... "
" ရှိတော့ရှိတယ်... "" ဟုတ်လား... "
" ပြောပြပါအုံးကိုယ့်ကို... "" လွှာတို့လေ... "
" မင်္ဂလာထပ်ဆောင်ပြီး အကုန်ကျခံမယ့်အစား မိဘမဲ့ကျောင်းလိုမျိုးမှာတွေ သွားလှူကြမလားဟင် ကိုကြီး... "" အင်း... "
" ဒါဆိုရင် မင်္ဂလာလဲဆောင်မယ် လှုလဲလှုမယ်လေဗျာ... "" အို ကိုကြီးကလဲ... "
" ဟိုမှာလဲ ကြီးကြီးကျယ်ကျယ် ဆောင်ပြီးပြီပဲဟာ ၊ ဒီမှာ ထပ်မဆောင်လဲရပါပြီ... "" အဟွန်း... "
" ချာတိတ်တို့ ရွာမှာပဲ ဆောင်ရသေးတာဆိုတော့ ဒီမှာလဲ ထပ်ဆောင်မှဖြစ်မယ်လေချာတိတ်ရယ် ၊ ဒီကလူတွေကိုလဲ ကိုယ့်ချာတိတ်က ဘယ်လောက်ချစ်စရာကောင်းကြောင်း ကြွားချင်သေးတာပေါ့ဗျ ၊ ပြီးတော့ မင်းက ကိုယ့်ဇနီးဆိုတာကိုလဲ တစ်လောကလုံးကို သိစေချင်တာ ... "" ကိုကြီးနော်... "
" လွှာက ကိုကြီးရဲ့ဇနီးမှန်း မသိသေးတဲ့လူဆိုတာ မရှိသလောက်ပဲမလား... "
" ကိုကြီးပဲ သတင်းစာတွေထဲမှာရော online ပေါ်မှာတွေရော အကုန်ကြော်ငြာတွေထည့်ထားပြီးတော့များ ဟွန့်... "
YOU ARE READING
ရင်ခုန်သင်ရိုးညွှန်းတမ်းမှအချစ်အက္ခရာ ( Complete )
Romanceကိုကြီးက ချာတိတ်လေးကို ဘယ်လိုတွေ ချုပ်ပြီးသိမ်းပိုက်မလဲဆိုတာ အဆုံးထိ ဖတ်ပေးကြပါအုံးရှင့်