Part 12

5.4K 113 0
                                    

" မာမား... "

" ဟောတော်... "
" မာမားသမီးလေးတောင် နိုးလာပြီလား ၊ သားနေရော နိုးပြီလားသမီးငယ်... "

" ဟင့်အင်း... "

" အဟင်း... "
" အိပ်ချင်သေးရင် ပြန်သွားအိပ်ပါအုံးသမီးရဲ့ ၊ သမီးပုံစံက အိပ်ရေးမဝသေးသလိုပဲကွယ်... "

" ဟင့်အင်း.. "
" လွှာ မအိပ်ချင်တော့ပါဘူး မာမားရဲ့ ၊ ဒါနဲ့ မနက်စာဘာလုပ်ထားလဲဟင် ... "

" အဟွန်း.. "
" အခုပဲ သမီးလေးကြိုက်တဲ့ အကြော်ပူပူလေးနဲ့ကောက်ညှင်းပေါင်းလေးကို ရွာထဲသွားဝယ်ခိုင်းတော့မလို့ပဲသမီးရဲ့... "

" ဟီး.. "
" ဒါဆို မဝယ်ခိုင်းနဲ့တော့နော် မာမား ၊ လွှာ စက်ဝိုင်းတို့ဝလုံးတို့ဆီသွားရင်း တစ်ခါထဲဝင်စားခဲ့လိုက်တော့မယ်... "

" အို သမီးကလဲကွယ် သားနေ နိုးလာမှအတူတူ သွားကြပါလားကွဲ့ ၊ တော်ကြာ သားနိုးလာရင် သမီးကိုမတွေ့လို့မေးနေပါအုံးမယ်.. "
ဒေါ်ပုလဲ သားမက်ဖြစ်သူ၏ အဖြစ်သည်းပုံကို မျက်မြင်ကိုယ်တွေ့မြင်ထားရတာကြောင့် အသဲအသန်တားလိုက်ရတော့သည် ။

" မာမားကလဲ... "
" ကိုကြီးက ခရီးပန်း‌နေလို့ တော်ရုံနဲ့နိုးသေးမှာမဟုတ်ပါဘူး ၊ ကိုကြီးမနိုးခင် လွှာ အရင်ရောက်နေမလားတောင်မသိတဲ့ဟာ ဟွန့်... "

" အဟင်း... "
" ဟုတ်ပါပြီကွယ် ၊ ဒါဆိုလဲ မာမားသမီးလေးသဘောပါ ၊ဒါပေမယ့် အရင်ကလို စက်ဝိုင်းတို့နဲ့ ကလေးကလားတွေ လျှောက်ဆော့ပြီးကမြင်းကြော ထနေလို့မရတော့ဘူးနော် ကြားလား... "

" ဟုတ်ကဲ့ပါ မာမားရဲ့ ၊ ဒါဆို လွှာ သွားပြီနော်... "

" မျက်နှာသစ်သွားအုံးလေ သမီးငယ်... "

" သစ်ပြီးပါပြီ မာမားရဲ့ သွားပြီနော် .. "
" မွ... "

ဒေါ်ပုလဲ သမီးဖြစ်သူကျောပြင်လေးကိုကြည့်ကာ ခေါင်းရမ်းနေမိတော့သည် ။ ကလေးသိပ်ဆန်ပြီး မရင့်ကျက်သေးသည့် သမီးငယ်လေးနဲ့ လူကြီးဆန်ဆန်သမက်ဖြစ်သူကို နှိုင်းယှဉ်ကြည့်ကာ သူတို့လေးတွေရဲ့ရှေ့ရေးကို စိတ်ပူမိတာတော့အမှန်ပင် ။

" .... "

" အမလေး... "
" ဟူး... "
" အခုမှပဲ လွတ်လပ်ပေါ့ပါးသွားတော့တယ်.... "
လွှာ ခြံအပြင်ရောက်သည်နဲ့ လှောင်အိမ်ထဲက ငှက်ကလေးကို လွှတ်လိုက်သလိုလွတ်လပ်ပေါ့ပါးသွားရတော့သည် ။ ကိုကြီးအနားမှာနေရင် ရင်တုန်သလိုဖျားချင်သလိုကြီးနှင့် နေရခက်လှတာကြောင့်လဲ ကိုကြီးမနိုးခင် အမြန်လစ်ထွက်လာရခြင်းပင် ။

ရင်ခုန်သင်ရိုးညွှန်းတမ်းမှအချစ်အက္ခရာ ( Complete )Where stories live. Discover now