Part 25 ( The End)

10.1K 144 2
                                    

🌾 ရင်ခုန်သင်ရိုးညွှန်းတမ်းမှအချစ်အက္ခရာ 🌾

🌾 အပိုင်း ( 25 ) ဇာတ်သိမ်းပိုင်း 🌾

သုံးနှစ်ခန့်ကြာသော်....

" သားကလဲကွာ နည်းနည်းလောက်စားပါဆို... "
" မေမေ စိတ်ညစ်လာပြီနော်.... "
လွှာ ကိုကြီးက ခဏနေရင် နေ့လည်စာ ပြန်လာစားတော့မည်ဖြစ်သဖြင့် မစားဘူးပဲငြင်းနေသည့်သားကို ရလိုရညားချော့မော့ကျွေးနေမိသည် ။ သားက လွှာ့အပေါ်ဆို ဂျစ်တိုက်ကာ ဆိုးသလောက် ကိုကြီးကိုတော့ ချစ်ကြောက်ရိုသေဖြစ်လို့တော်သေးသည် ။

ကိုကြီးကလဲ သားကိုဆို အလိုလိုက်သင့်သည့်နေရာသာအလိုလိုက်ပြီး အလိုမလိုက်သင့်သည့်နေရာဆို ဘူးဆိုဖရုံမသီးသောကြောင့် ဘယ်နေရာမဆို အလိုလိုက်လွန်းသည့်လွှာ့အပေါ်မှာဆို ကိုကြီးမရှိသည့်အချိန် သားက လူလည်လုပ်လွန်း၏။

ကိုကြီးက အငယ်လေးတစ်ယောက်ထပ်ယူဖို့ နေ့တိုင်းလိုလိုပူဆာနေပေမယ့် လွှာက သားလေးကို လက်လွတ်လို့ရသည့် အရွယ်လောက်မှသာ ယူဖို့ ငြင်းနေခဲ့သည်မှာ သားလေး သုံးနှစ်အရွယ်ရောက်သည်အထိပင် ။

ဟင်း....
လွှာ အတွေးတွေကို ဖယ်ထုတ်ကာ လက်ကနာရီကို ငုံ့ကြည့်မိတော့ ကိုကြီးလာဖို့အချိန်က နီးကပ်နေပြီဖြစ်‌သဖြင့် သားလေးကို ထမင်းရအောင်ကျွေးဖို့ကြိုးစားရတော့၏။

" သား... "
" သားကလိမ္မာတယ်လေနော် ၊ နည်းနည်းလောက်စားလိုက်ပါလားဟင် ၊ ခဏနေဆို သားဖေဖေပြန်လာတော့မှာနော် အဲ့ကျရင် သား ထမင်းမစားရသေးဘူးဆိုပြီး အဆူခံနေရအုံးမယ်... "

" ဟွန့်... "
" စားချင်ဘူး... "
" သားသားက ဖေဖေ့ထဲမှာရှိတဲ့ ဂိမ်းလေးဆော့ချင်လို့ပါဆို မေမေမှမဆော့ခိုင်းတာ... "

" အို... "
" သားကလဲ ၊ အဲ့တာက ဆော့လို့မရဘူးလေ ၊ သားဖေဖေက အဲ့ထဲမှာ အလုပ်ကိစ္စဖိုင်တွေထည့်ထားတာ တော်ကြာ သားလျောက်နှိပ်လို့ပျက်သွားရင် ဘယ်လိုလုပ်မလဲ...
သားဂိမ်းဆော့ချင်တယ်ဆို မေမေ့ဖုန်းနဲ့ ယူဆော့လေနော် ၊ မေ့မေ့ဆီမှာလဲရှိတာပဲဟာ... "

" ဟင့်အင်း... "
" မေမေ့ဆီကဂိမ်းတွေကပျင်းစာရာကြီး ၊ ချိုချဉ်ဂိမ်းနဲ့ ဖရဲသီးခွဲတဲ့ဂိမ်းပဲရှိတဲ့ဟာကို ၊ သားသားက ဖေဖေ့ဆီကဟာကို ဆော့ချင်တာ ၊ ဖေဖေ့ဆီမှာ ‌လူဆိုးတွေကို ချတဲ့ဂိမ်းရှိတယ်... "
" နော်မေမေ ၊ သားသား ဂိမ်းပဲဆော့မှာလေနော် ၊ လျှောက်လုပ်ဘူးလေ... "

You've reached the end of published parts.

⏰ Last updated: May 17, 2023 ⏰

Add this story to your Library to get notified about new parts!

ရင်ခုန်သင်ရိုးညွှန်းတမ်းမှအချစ်အက္ခရာ ( Complete )Where stories live. Discover now