Part 17

6K 88 0
                                    

နေ အပေါ်ထပ်ရောက်သည်နှင့် သူမလေးကို မွေ့ယာပေါ်ထိုင်စေကာ ခါးထောက်၍ စိုက်ကြည့်နေလိုက်သည် ။ သူမလေးကတော့ ခေါင်းလေးကိုငုံ့ကာ အပြစ်မရှိသည့် လက်ကလေးတွေကို ပွတ်သပ်နေလေ၏။

" .... "

" ဒေါက်... "
" ဒေါက်... "

နေ တံခါးခေါက်သံကြောင့် စားစရာတွေလာပို့ပြီမှန်း သိလိုက်တော့၏။ ထို့ကြောင့် တံခါးသွားဖွင့်ပေးကာ အိအိလက်ထဲက လင်ဗန်းကိုယူ၍ တစ်ခါထဲလော့ခ်ချပစ်လိုက်တော့သည် ။

ထို့နောက် လက်ထဲက စားစရာတွေထည့်ထားသည့် လင်ဗန်းကို စားပွဲပေါ်တင်ကာ သူမရှိရာဆီသို့ ပြန်လျောက်လာခဲ့လိုက်သည် ။

" ... "

" ချာတိတ်... "
" ဗိုက်ဆာသေးလား...? "

" ဟင့်အင်း... "
လွှာ ကိုကြီးလုပ်သမျှကို မျက်လုံးလေးပြူးကာ လိုက်‌ကြည့်နေတုန်း ကိုကြီးရဲ့အမေးကြောင့် ခေါင်းခါရမ်းပြလိုက်၏။ တကယ်လဲ သူမ ပိုးသားနှင့် မုန့်တွေအများကြီးစားခဲ့ခြင်းကြောင့် ဗိုက်က အတော်တင်းနေပြီဖြစ်သည် ။

" .... "

" ဟုတ်ပြီ... "
" ဒါပေမယ့် ကိုယ်က ဗိုက်ဆာတယ် အဲ့တာကြောင့် မင်းကိုစားမယ်... "

" ဟင်... "

နေ သူ့ကို ဘာမှပြန်မပြောနိုင်ပဲ ပြူးတူးတူးလေးကြည့်ကာ အံ့ဩနေသည့် သူမလေးကို ဆွဲဖက်၍ အိပ်ရာပေါ်သို့ တွန်းလှဲလိုက်တော့၏။ ထို့နောက် သူအစွဲလမ်းရဆုံးဖြစ်သည့် သူမလေးရဲ့ နှုတ်ခမ်းနှစ်လွှာကို စုပ်ယူကာ နမ်းရှိုက်ပစ်လိုက်တော့သည် ။

နေ သူမနှုတ်ခမ်းလေးတွေကို ဖူးယောင်လာသည်အထိ အားရအောင် နမ်းပြီးကာမှ လွတ်ပေးလိုက်တော့သည် ။ ရင်ခွင်အောက်က သူမလေးကတော့ စစချင်းမှာ ရုန်းကန်နေသော်လည်း နောက်ပိုင်းတော့ အားချင်းမမျှတာသိလို့ထင်သည် သူ့ရင်ခွင်ထဲမှာပဲ ငြိမ်သွားလေတော့၏။

" ... "

ထို့နောက် သူမလေးရဲ့ အလှတရားတွေကို ဖုံးကွယ်ထားသည့် အင်္ကျီလေးကို ဆွဲဖယ်ရန်လုပ်တော့ သူ့ရင်ဘတ်ကိုအတင်းထုရိုက်လာလေရဲ့...

ရင်ခုန်သင်ရိုးညွှန်းတမ်းမှအချစ်အက္ခရာ ( Complete )Where stories live. Discover now