Part 21

4.9K 83 0
                                    

" သမီး.... "

" ဟင့်.. "
" မာမား... "
လွှာ ကားပေါ်မှဆင်းဆင်းချင်း မာမားကိုတွေ့လိုက်ရတာကြောင့် အပျော်လွန်ကာ ပြေးဖက်လိုက်မိတော့သည် ။

" ချာတိတ်... "
" မပေါ့မပါးကြီးနဲ့ဟာကို အရမ်းမပြေးရဘူးလေကွာ... "

နေ သူမလေးရဲ့ လစ်ကနဲပြေးသွားလိုက်ပုံကြောင့် ရင်ထဲအေးကနဲအေးကနဲဖြစ်သွားရတော့သည် ။ သူ့မှာသာ စိုးရိမ်ပူပန်နေသလောက် သူမလေးကတော့ ဗိုက်ထဲမှာကလေးရှိနေတယ်ဆိုတာတောင် မေ့နေသည်ထင်ပါရဲ့...

" ဟုတ်သားပဲ သမီးရယ် ၊ ဖြေးဖြေးလာတာမဟုတ်ဘူးကွယ် မာမားတို့က ထွက်ပြေးမှာကြနေတာပဲ အဟင်း... "

" ဟွန့်... "
" လွှာက မာမားတို့ကို အရမ်းလွမ်းနေလို့ပါ မာမားရဲ့... "

" အဟင်း... "
" ဒီကလေးကတော့လေ ကိုယ်တိုင်တောင် ကလေးအမေဖြစ်တော့မယ် အခုထိ မိဘအပေါ် ချွဲကောင်းနေတုန်း... "

" ... "

" ကဲ အိမ်ထဲအရင်ဝင်ကြပါအုံး ခင်ရဲ့ ၊ သမီးက မတ်တပ်အကြာကြီး ရပ်လို့မရဘူးလေ... "

" ဟုတ်သားပဲ... "
" လာလာ သမီး အိမ်ထဲအရင်ဝင်ရအောင်နော်... "

" ... "

နေ သူ့ကိုမေ့ပြီး အမေဖြစ်သူနောက် ကောက်ကောက်ပါအောင်လိုက်သွားသည့် ချာတိတ်လေးကြောင့် မျက်နှာကြီးမှာ ဟန်မဆောင်နိုင်အောင်ပင် ရှုံ့မဲ့နေရတော့သည်။ သို့ပေမယ့်လဲ ယောက္ခထီးဖြစ်သူက ကြည့်နေတာကြောင့် မရယ်ချင်ရယ်ချင်နဲ့ရယ်ပြကာ သူမတို့အနောက်သို့လိုက်လာခဲ့လိုက်တော့သည် ။

" ... "

" ဟော... "
" သမီးလေးတောင် ရောက်လာပြီလား...? "
" မေမေ့သမီးလေးက မတွေ့ရတဲ့ရက်အတွင်း ကိုယ်ဝန်ကြောင့်ထင်တယ် ပိုပိုလှလာတယ် အဟင်း... "

" ဟီး... "
" မေမေကလဲ... "

" ကျေးဇူးတင်ပါတယ် သမီးရယ် ၊ မေမေတို့ကလေ မြေးလေးအရမ်းလိုချင်နေခဲ့တာသိလား ၊ သမီးဖေဖေဆို ဘယ်လောက်တောင်ပျော်နေသလဲဆို သူ့သူငယ်ချင်းတွေကိုတောင် ဖုန်းဆက်ပြီးကြွားလို့မဆုံးဖြစ်နေတော့တာပဲကွယ် အဟင်း... "

ရင်ခုန်သင်ရိုးညွှန်းတမ်းမှအချစ်အက္ခရာ ( Complete )Where stories live. Discover now