12

17.5K 603 59
                                    

💛 Players ( Part - 12 ) 💛
    ▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်း ဒေါသဖြစ်တယ်ပဲထားဦး လက်ပါစရာလိုလို့လား ပြီးတော့မင်းက အသက်ရော၊ လုပ်သက်ပါ ဂျူနီယာ"

"အဲ့လိုစီနီယာကျနေတိုင်း သူ ညစ်ပတ်သမျှလှိမ့်ခံရမှာလား ခရာမမှားခဲ့ဘူး ၄၀လို့ပြောခဲ့တာသေချာတယ် ပြီးတော့ သူကအရင်ရေနဲ့ပက်တာနော် ခရာမမှားဘူး"

"အေး.. မင်းပဲမှန်နေလိုက်အက္ခရာ.. မခင်ချိုက ဒါရိုက်တာတစ်ယောက်ရဲ့ခယ်မ.. မင်းအလုပ်ပြုတ်မှာအသေအချာပဲ"

"ဟွန့်!.. ဂရုစိုက်စရာလား"

"အေးပါ ကိုယ့်ကိုယ်ကိုပဲဂရုစိုက်ပါ ပြီးတော့ မင်းအင်္ကျီပါးပါးလေးတွေဝတ်မလာနဲ့ အကုန်မြင်နေရတယ်"

"အင်္ကျီကချည်သားမို့ပါ ဒီနေ့လေးယူနီဖောင်းမဝတ်ရလို့ဝတ်လာတာ နေပါဦး.. ကိုကြီးကရော ဘာလို့ကြည့်နေတာလဲ မြင်ရတယ်ဆိုတာကြည့်လို့မြင်တာ"

"မကြည့်ရင်တောင်မြင်နေရတာ"

ရေစိုနေသည့်ရင်ဘတ်ကို သဘက်နှင့်ဖုံးကွယ်ထားရင်း ခြောက်အောင်သုတ်နေသော မျက်နှာက ရှက်ကိုးရှက်ကန်းဖြင့် မျက်စောင်းတချီချီ။
ရှက်သာရှက်နေပေမယ့် သူပြောနေသည့် စကားတွေကိုလည်းတစ်ခွန်းမှမခံဘဲ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့နေပြန်သည်။
အလုပ်ပြုတ်မှာကိုလည်း ပူပင်မနေဘဲ အေးအေးလူလူဖြစ်နေကာ မနေနိုင်ရသည်က ဒီဟာလေး ထသောင်းကျန်းမည်ဟု ထင်မှတ်မထားသော သူသာဖြစ်သည်။

တကယ်ဆို သူမဟာ ကိုယ့်လက်အောက်ကလူဖြစ်သည့်အပြင် အလုပ်ဝင်တာလည်းမကြာသေး၍ ခိုင်းလိုက်မိသည့်ကိုယ့်ရဲ့အမှားဖြစ်သည်။
လုပ်အားခရှင်းတိုင်း မခင်ချို ထိုသို့လူလည်ကျတတ်ပေမယ့် သတိထားရမည့်နောက်ခံကြောင့် ဘယ်သူမှပြဿနာမလုပ်ချင်ကြ။
ဒီမိန်းကလေးသာ မကြောက်မလန့်...

"ဒါဆိုလည်း အားလုံး ကိုယ့်အလုပ်ကိုပြန်လုပ်ကြတော့"

ထိုစဥ် စည်းအပါအဝင် ဒါရိုက်တာတွေနှင့်အတူ မခင်ချိုပါ အစည်းအဝေးအခန်းထဲကထွက်လာပြီး သူတို့နှစ်ယောက်ထိုင်နေသည့်အနားကို ရောက်လာသည်။
အားလုံးဟာ ကိုယ့်ထက်ရာထူးကြီး၊ အသက်ကြီးသူတွေမို့ သူက ထရပ်ပေမယ့် မယ်မင်းကြီးမက ထိုင်ရာကမထဘဲ မခင်ချိုကိုသာ ဝါးစားပစ်တော့မတတ် အံကြိတ်ပြီးကြည့်နေ၏။

PlayersWhere stories live. Discover now