13

18.5K 572 27
                                    

💛 Players ( part - 13 ) 💛
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫

"မင်း ဘယ်ရောက်နေတာလဲ စည်း ရုံးမလာတာကြာပြီ"

"ငါဒီမှာ ခရီးတစ်ခုထွက်နေရလို့ကွာ ဒက်ဒီ့ကိစ္စပါ"

"Aww အေးပါကွာ ဘီယာသွားသောက်ရအောင် ခေါ်မလို့ take care သားကြီး"

တန်ခိုးဖုန်းချသွားသည့်အခါသူ ဖုန်းကိုစားပွဲပေါ်ပြန်ချလိုက်ရင်း ရေဘူးကိုဖွင့်ကာ မသောက်ဖြစ်သေးဘဲ မှန်ပြတင်းတံခါးမှတစ်ဆင့် အပြင်ဘက်ကိုငေးကြည့်မိသည်။
Fullerton Hotelက သူဒီကိုရောက်တိုင်း အမြဲတည်းဖြစ်သည့်hotelဖြစ်ကာ သွေးကလည်းဒီကိုလာမည်ဟုဆိုသည်။
တန်ခိုးကိုရွေးချယ်ခဲ့ပြီးမှ ဘာကြောင့်သူနဲ့တွေ့ဖို့လာခဲ့မလဲ မစဉ်းစားတတ်ပေမယ့် သွေးကိုချစ်မိသည်အဖြစ်က နောက်ဆုတ်ဖို့မလွယ်သည်မို့ မှားမှန်းသိနေလျက် ရှေ့ကိုဆက်တိုးနေမိသည်။

ဒေါက်!! ဒေါက်!! ဒေါက်!!

တံခါးခေါက်သံကြောင့် သူ ရေဘူးကိုပြန်ပိတ်ကာ သွားဖွင့်လိုက်တော့ သွေးက  maskတစ်ခုတပ်ထားပြီး အခန်းဝရောက်နေ၏။
ဒါဟာ သူနဲ့သွေးရဲ့နှစ်ယောက်ချင်းတွေ့ဆုံသည့် ပထမဆုံးအကြိမ်ဖြစ်ကာ တန်ခိုးအပေါ် ယုတ်မာရာကျနေပြီလားဟု အတွေးဖြင့်တွေဝေသွားမိသည်။

"အဲ့လိုပဲကြည့်နေတော့မှာလား"

"၀င်လေ"

သွေး အခန်းထဲရောက်လာတော့မှ သူ တံခါးကိုlockချပြီး မှားနေပြီလားဆိုသည့်အတွေးကို မောင်းထုတ်ရင်း ဒီဘက်ပြန်လှည့်လိုက်သည်။
သွေးကတော့ သူ့လိုအတွေးများနေပုံမရဘဲ အေးအေးလူလူဖြင့် maskကိုချွတ်ကာ မွေ့ရာပေါ်မှာ ခြေချင်းချိတ်ပြီးထိုင်​နေရင်း သူ့ကိုကြည့်နေ၏။

"ရှင် ကျောင်းတက်တော့မှာဆို ဘယ်တော့လဲ"

"နည်းနည်းလိုပါသေးတယ် မင်းဘာစားမလဲ လှမ်းမှာလိုက်လေ"

"ပြီးမှပဲမှာတော့မယ် အခု သွေး ရှင်နဲ့စကားပြောချင်နေတာ ရှင့်မှာမေးချင်တာတွေ သိပ်များနေမယ်ထင်လို့"

သူ ခေါင်းညိတ်ပြလိုက်ကာ ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး သွေးနဲ့မနီးမဝေးမှာထိုင်လိုက်သည်။
အခန်းမီးရောင်ကြောင့် သူမမျက်နှာလေးဝါညက်နေသလို နီးနီးကပ်ကပ်မြင်နေရ၍ သူ့ရင်ခုန်သံတွေကိုလည်း ပြန်ကြားနေရ၏။
ထို့အတူ ဒီမျက်နှာလေးကိုမှ အပိုင်ရသွားသောတန်ခိုးကိုလည်း ပြင်းစွာမနာလိုမိသွားခဲ့ကာ သူသာပိုင်ခဲ့ရင်ရော ဘယ်လိုဖြစ်သွားမလဲ…

PlayersWhere stories live. Discover now