(𝗜𝗻𝘁𝗿𝗼)

1.5K 82 9
                                    

အမှောင်ထုထဲမှာ ရောင်စုံမီးများကပြိုးပြိုးပြက်ပြက် DJသီချင်းသံများဖြင့်မြူးထူးကာ ကခုန်နေကြသည့် လူငယ်လူရွယ်များ

ကြည့်လိုက်တာနဲ့အဆင့်အတန်းတစ်ခုမှာရှိနေပြီး ခေတဲ့သူတစ်ယောက်မှမပါ ဒါကလူကုံထံတွေသီးသန့်စုဝေးရာသုခဘုံပင်

VVIPသီးသန့်အခန်းတွေထဲက တစ်ခန်းတွင်တော့𝗨𝗙𝗖 𝗕𝗢𝗫𝗘𝗥 𝗝𝗞 နဲ့သူ၏သူငယ်ချင်းများကတော့ တော်တော်အရှိန်ကောင်းနေကြပြီဖြစ်သည်

Jungkook "Lee Hajoon အဲ့ဒီကောင်အခုထိမလာသေးဘူးလား"

Jiho "ဖုန်းဆက်ကြည့်လေ"

Minyeon "ခုနကငါဆက်ပြီးပြီ ရောက်တော့မှာတဲ့"

Sofaပေါ်မှောက်အိပ်နေတဲ့Jungkook

Jiho "JK?အစောကြီးမှောက်သွားပြီလား?"

Minyeon "ဟေ့ကောင် မှောက်မနေနဲ့ Hajoonကဒီနေ့ငါတို့ကို အနှစ်နှစ်အလလ ဥထားတဲ့ သူ့ကောင်လေးနဲ့မိတ်ဆက်ပေးမှာတဲ့

Jiho "အဲ့ကောင်ငါတို့ကို 'တွေ့ရင်သေချာပေါက် surpriseဖြစ်သွားမှာ'ဆိုပြီးတဖွဖွပြောနေတာ ဘလောက်တောင်ကြီးကြီးကျယ်ကျယ်ထဲကမို့လဲ စောင့်ကြည့်အုန်းမယ်"

Jungkook ချက်ချင်းထထိုင်လိုက်သော်လည်း ခေါင်းကတော့အောက်ကိုစိုက်လျက်သား

ထိုအချိန် အခန်းထဲကိုဝင်လာတဲ့Lee Hajoonနဲ့အနောက်ကသူ့ကောင်လေး Maskအမဲရောင်တပ်ထားတာမို့အစကသေချာမသိပေမဲ့ Maskချွတ်လိုက်တဲ့အချိန်ပေါ်လာတဲ့မျတ်နှာလှလှက

Jiho,Minyeon "V!!!!"

Hajoonခပ်ဟဟရယ်ပြီး

"အထူးတလည်မိတ်ဆက်ပေးစရာတောင်မလိုတော့ဘူးထင်တယ် ဒါပေမဲ့လဲ ယဉ်ကျေးမှုအရ"

"ဒါကတော့𝗪𝗼𝗿𝗹𝗱𝘄𝗶𝗱𝗲 𝗠𝗼𝗱𝗲𝗹 '𝗩'တစ်ဖြစ်လဲ ငါ့ရဲ့ကောင်လေး Kim Taehyung"

Minyeonကလက်ခုပ်ကိုတစ်ချက်ခြင်း ခပ်ဖြေးဖြေးတီးကာ
"ဝါး....တကယ်မထင်ထားတဲ့ surpriseကြီးပဲ"

Jiho "Lee Hajoonကတော့Lee Hajoonပါပဲ"

Jungkook တစ်ခွန်းမှဝင်မပြောပဲအဲ့ဒီခပ်လှလှမျတ်နှာကို အသာချဉ်စူးစူးကြည့်နေလိုက်သည်

Hajoon "ကလေး ဒါကိုယ့်ဘော်ဒါအရင်းကြီးတွေ Cha Minyeon,Yun Jihoနဲ့ဒါကJeon Jungkook"

𝗕𝗼𝘅𝗶𝗻𝗴 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁Where stories live. Discover now